တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့တော်မှာ ကလေးထိန်း အလုပ် စမ်းသပ်

International News
တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့တော်မှာ ကလေးထိန်း အလုပ် စမ်းသပ်

ကလေးထိန်း အလုပ် စမ်းသပ်အစီအစဉ် တစ်ခုကို ဖိလစ်ပိုင်နိုင်ငံက ကလေးထိန်းတွေနဲ့ လုပ်ဆောင်နေတာမှာ၊ ဝေဖန်သံတွေ ထွက်လာခဲ့ပြီးတဲ့နောက် အခုဆိုရင် ကလေးထိန်းတွေ အတွက် ပိုကောင်းမွန်တဲ့ ဝန်းကျင် အခြေအနေမျိုးတွေ ဖန်တီးပေးပြီး စည်းမျဉ်းစည်းကမ်း တချို့ကို ဖြေလျှော့တာမျိုးလည်း လုပ်မယ်လို့ ဆိုးလ်မြို့ အာဏာပိုင်တွေက ပြောပါတယ်။

အဲဒီ အထဲမှာ ကလေးထိန်းတွေကို ညမထွက်ရ ကာဖျူး ပုံစံ တင်းကျပ်ထားတာကို ပယ်ဖျက်ပေးတဲ့ ဖြေလျှော့မှုမျိုးလည်း ပါဝင်ပါတယ်။ လက်ရှိ စမ်းသပ် အစီအစဉ်ကို ဖိလစ်ပိုင် ကလေးထိန်း အယောက် ၁၀၀ နဲ့ ပြီးခဲ့တဲ့ လတုန်းက စတင်ခဲ့တာဖြစ်ပြီး၊ နောက်ထပ်လည်း ဖိလစ်ပိုင်ကနေ ထပ်ရောက်လာဖို့ ရှိနေပါတယ်။

အဓိကကတော့ တောင်ကိုရီးယား နိုင်ငံမှာ ကလေးထိန်း ဝန်ဆောင်မှု တိုးတက် ကောင်းမွန်လာမယ် ဆိုရင် တောင်ကိုရီးယား စုံတွဲတွေ အနေနဲ့ ကလေးကို တစ်ယောက်ထက် မက ပိုပြီး ယူလာအောင် တွန်းအားဖြစ်စေဖို့ ရည်ရွယ်ပါတယ်။

လက်ရှိမှာတော့ တောင်ကိုရီးယားဟာ ကမ္ဘာမှာကို ကလေးမွေးဖွားမှု ရာခိုင်နှုန်း အနည်းဆုံး နိုင်ငံတွေထဲ ပါဝင်နေပါတယ်။ အခု နိုင်ငံရပ်ခြားကနေ ကလေးထိန်း ခေါ်တဲ့ စမ်းသပ် အစီအစဉ်ကတော့ လုပ်ခလစာ နည်းတယ် ဆိုတဲ့ ဝေဖန်မှုတွေ အပြင်၊ ကလေးထိန်းရုံမက မျှော်လင့်မထားတဲ့ တခြား အိမ်အလုပ်တွေပါ အပိုဆောင်း လုပ်ပေးရတယ် ဆိုတာမျိုး ထောက်ပြ ဝေဖန်သံတွေ ထွက်ပေါ် နေပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...