ထရန့်အား ရူးသွပ်သူအဖြစ် အိုဘားမား ရှုတ်ချ

International News
ထရန့်အား ရူးသွပ်သူအဖြစ် အိုဘားမား ရှုတ်ချ

အမေရိကန်၌ လူကြိုက်များသော သမ္မတဟောင်း ဘားရက်အိုဘားမား က ယမန်နေ့တွင် ပစ္စဘာ့ဂ်မြို့၌ ဒုတိယသမ္မတ ကာမလာဟားရစ်အတွက် ပထမဆုံးအကြိမ် မဲဆွယ်ပေးခဲ့ကာ ကာမလာ၏ပြိုင်ဘက် ဒေါ်နယ်ထရန့်ကို ရူးသွပ်သူအဖြစ် ရှုတ်ချပြောဆိုခဲ့သည်။

ကာမလာဟားရစ် မဖြစ်မနေအနိုင်ရရန်လိုအပ်သည့် ပင်ဆယ်ဗေးနီးယားပြည်နယ် မဲဆွယ်ပွဲတွင် အိုဘားမားက လူမည်းအမျိုးသား မဲဆန္ဒရှင်များကိုလည်း ပြစ်တင်ပြောကြားခဲ့ကာ အမျိုးသမီးတစ်ဦးအား သမ္မတအဖြစ် လက်ခံရမှာကို မခံစားနိုင်ဖြစ်နေကြောင်း ပြောကြားသည်။

မစ္စတာအိုဘားမား က ရီပက်ဘလေကန်သမ္မတလောင်း၏ တောင်စဉ်ရေမရရှည်လျားသော မိန့်ခွန်းများကို ကျူးဘားကွန်မြူနစ်ခေါင်းဆောင် ဖီဒယ်ကက်စထရို ၏ မိန့်ခွန်းများနှင့် နှိုင်းယှဉ်ခဲ့ကာ ဘီလျံနာသူဌေးကြီးက အောက်ခြေလူထုကို နားမလည်နိုင်သူ ဖြစ်ကြောင်း ပြောပါသည်။

သို့ရာတွင် မဲဆန္ဒရှင်အများအပြားက ဈေးနှုန်းကြီးမြင့်မှုများနှင့် ရုန်းကန်နေရချိန်တွင် ရွေးကောက်ပွဲက သူတင်ကိုယ်တင်အပြိုင်နွှဲရမည့်ရွေးကောက်ပွဲ ဖြစ်ကြောင်း အမေရိကန်နိုင်ငံ၏ ပထမဆုံးလူမည်း သမ္မတ က အသိအမှတ်ပြုခဲ့သည်။

“ ဒေါ်နယ်ထရန့်က ပိုကောင်းအောင်လုပ်နိုင်မယ်လို့ လူတွေက ဘာလို့ ထင်နေကြသလဲဆိုတာကို ကျွန်တော်နားမလည်နိုင်ဘူး။ သူက ကလေး သေးစိုအဝတ်တောင် လဲပေးဖူးရဲ့လား မသိဘူး” ဟု အိုဘားမား က မေးခွန်းထုတ်သည်။

ခရစ်ယာန်သမ္မာကျမ်းစာအုပ်များ ရောင်းချမည့် ထရန့်၏ အစီအစဉ်များနှင့် လုပ်ကြံသီအိုရီများကို လက်ခံသည့် ထရန့်၏ အမူအကျင့်မှာလည်း ရူးနှမ်းမှုဖြစ်ကြောင်း အိုဘားမား က ပြောသည်။

မဲဆွယ်ပွဲ ပရိသတ် က ထရန့်အား လှောင်ပြောင်အော်ဟစ်ကြချိန်တွင်လည်း “ မလှောင်ကြပါနဲ့ မဲထွက်ပေးကြပါ” ဟု အိုဘားမားက ပြောကြားကာ ကာမလာဟားရစ်သည် သမ္မတဖြစ်ရန် အရည်အချင်းပြည့်ဝသူဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...