ပီရူးသမ္မတဟောင်း တိုလီဒို လာဘ်စားမှုဖြင့် ထောင်ဒဏ် နှစ် ၂၀ ကျော်ချမှတ်ခံရ

International News
ပီရူးသမ္မတဟောင်း တိုလီဒို လာဘ်စားမှုဖြင့်
ထောင်ဒဏ် နှစ် ၂၀ ကျော်ချမှတ်ခံရ

ဘရာဇီးဆောက်လုပ်ရေးကုမ္ပဏီကြီး Odebrecht ထံမှ လာဘ်စားခဲ့သည်ဟု ပြစ်မှုထင်ရှားတွေ့ရှိခဲ့ပြီးနောက် ပီရူးသမ္မတဟောင်း အလီဂျန်ဒရိုတိုလီဒိုသည် တနင်္လာနေ့က ထောင်ဒဏ် နှစ် ၂၀ နှင့် ခြောက်လ ချမှတ်ခံခဲ့ရသည်။

စတန်းဖို့ဒ်တက္ကသိုလ်မှ ဒေါက်တာဘွဲ့ရခဲ့သော အသက် ၇၈ နှစ်အရွယ် တိုလီဒိုသည် ၂၀၀၁ မှ ၂၀၀၆ ခုနှစ် အထိ ပီရူးနိုင်ငံ၏ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

ပီရူးနိုင်ငံတောင်ပိုင်းကမ်းခြေဒေသနှင့် ဘရာဇီးနိုင်ငံ၊ အမေဇိုးနီးယားဒေသကို ဆက်သွယ်ထားသော လမ်းအတွက် ကန်ထရိုက်ချပေးခဲ့ကာ တိုလီဒို က ယခုအခါ Novonor ဟု နာမည်ပြောင်းထားသော Odebrecht ကုမ္ပဏီထံမှ အမေရိကန်ဒေါ်လာ ၃၅ သန်းကို လာဘ်စားခဲ့ကြောင်း တရားရုံးကတွေ့ရှိခဲ့ကြသည်။

တစ်နှစ်ခန့်ကြာမြင့်ခဲ့သော တရားရုံး စစ်ဆေးမှုအတွင်း ငွေကြေးခဝါချခြင်းနှင့် ပူးပေါင်းကြံစည်မှု စွဲချက်များကို မစ္စတာတိုလီဒို က ငြင်းဆိုခဲ့သည်။
လက်တင်အမေရိက၏ အကြီးမားဆုံး အကျင့်ပျက်ခြစားမှုဆိုင်ရာ အရှုပ်တော်ပုံတွင် အစိုးရလုပ်ငန်းကန်ထရိုက်များရရှိရန် နိုင်ငံပေါင်း ၁၂ နိုင်ငံခန့်မှ အရာရှိကြီးများအား လာဘ်ထိုးခဲ့ကြောင်း Odebrecht ကုမ္ပဏီ က ၂၀၁၆ ခုနှစ် က ဝန်ခံပြောကြားခဲ့သည်။
၎င်းအနေဖြင့် ကင်ဆာရောဂါနှင့် တိုက်ပွဲဝင်နေရသဖြင့် ထောင်ဒဏ်ကို နေအိမ်မှာပင် ကျခံခွင့်ပေးရန် တိုလီဒို က ပြီးခဲ့သည့် သီတင်းပတ်အတွင်း တရားရုံးကို ပန်ကြားခဲ့သည်။

တိုလီဒိုအပေါ် ပြစ်ဒဏ်ကို ပြီးခဲ့သည့်နှစ်ကတည်းက ၎င်းကို ဖမ်းဆီးထားသည့် မြို့တော် လီမာ အကျဉ်းထောင်ငယ်တစ်ခုထဲမှ အထူးတရားရုံးထဲတွင် ချမှတ်ခဲ့ကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။

Odebrecht အမှုနှင့်ဆက်စပ်၍ ပီရူး၏ သမ္မတဟောင်းနှစ်ဦး‌ဖြစ်သော ပက်ဘလိုကူဇင်စကီး နှင့် အိုလန်တာဟူမာလာ တို့လည်း စုံစမ်းစစ်ဆေးခံနေရကြောင်း သိရသည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...