မြောက်ကိုရီးယားက တပ်ဖွဲ့ဝင် တစ်သောင်းကို ရုရှားသို့
ပို့ဆောင်ခဲ့ကြောင်း အမေရိကန်ပြောကြား
မြောက်ကိုရီယားက တပ်ဖွဲ့ဝင် တစ်သောင်းကို ရုရှားတွင် လေ့ကျင့်ရန်ပို့ဆောင်ခဲ့ပြီး ယင်းတပ်ဖွဲ့များသည် သီတင်းပတ်အနည်းငယ်တွင် ယူကရိန်းစစ်ပွဲတွင် ပါဝင်တိုက်ခိုက်နိုင်ကြောင်း အမေရိကန် က ပြောကြားသည်။
ရုရှားအရှေ့ပိုင်းတွင် လေ့ကျင့်မှုလုပ်ရန် မြောက်ကိုရီးယားက စုစုပေါင်းတပ်ဖွဲ့ဝင် တစ်သောင်းခန့် စေလွှတ်ခဲ့ကြောင်း နှင့် ၎င်းတို့ကို လာမည့် သီတင်းပတ်အနည်းငယ်အတွင်း ရုရှားတပ်ဖွဲ့များနှင့်အတူ တိုက်ပွဲဝင်သွားဖွယ်ရှိကြောင်း အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဆာဘရီနာဆင်း က သတင်းထောက်များအား ပြောကြားသည်။
မြောက်ကိုရီးယားက တပ်ဖွဲ့များ တိုးမြှင့်စေလွှတ်ခြင်းမှာ ကြီးမားသော လုံခြုံရေးခြိမ်းခြောက်မှုတစ်ရပ် ဖြစ်ကြောင်း တောင်ကိုရီးယားက သတိပေးပြောကြားသည်။
ကိဗ် နှင့် စစ်ပွဲတွင် ရုရှားကို ကူညီရန် မြောက်ကိုရီးယားက လက်နက်များပေးပို့ခဲ့ကြောင်း ဆိုးလ်က ကြာမြင့်စွာ စွပ်စွပ်ပြောကြားခဲ့ကာ ဇွန်လ က ကင်ဂျုံအန် နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ကြား အပြန်အလှန် လုံခြုံရေးသဘောတူညီချက်လက်မှတ်ထိုးပြီး နောက်ပိုင်းတွင် တပ်ဖွဲ့များ အလုံးအရင်းဖြင့် ပေးပို့ရန် ပြင်ဆင်လာခဲ့ကြောင်း ပြောကြားသည်။
တပ်ဖွဲ့များစေလွှတ်နေသည်ဆိုသော သတင်းများကို မြောက်ကိုရီးယားက ငြင်းဆိုခဲ့သော်လည်း တပ်ဖွဲ့များ စေလွှတ်ဖြစ်ခဲ့လျှင်လည်း နိုင်ငံတကာဥပဒေနှင့်အညီ လုပ်ဆောင်မည်ဖြစ်ကြောင်း မြောက်ကိုရီးယားလက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပထမဆုံးအကြိမ် မှတ်ချက်ပြုခဲ့သည်။
ယင်းကိစ္စနှင့်ပတ်သက်၍ မကြာမီ မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၁၂၀၀၀ ခန့် ရုရှားသို့ ရောက်ရှိသွားနိုင်ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီး က ပြောကြားခဲ့ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် က အလွန်အန္တရာယ်များသောလုပ်ရပ်အဖြစ် ရှုတ်ချပြောဆိုခဲ့သည်။
ယင်းမှာ ရုရှားစစ်ပွဲကို အန္တရာယ်ရှိသော တိုးချဲ့မှုဖြစ်ကြောင်း နေတိုးအဖွဲ့အကြီးအကဲ မာ့ခ်ရူတဲ က ပြောကြားခဲ့ကာ ပူတင်၏ သေရေးရှင်ရေးဖြစ်လာသော လက္ခဏာလည်းဖြစ်ကြောင်း ဆက်လက်ပြောသည်။
၂၀၂၂ ခုနှစ်တွင် ယူကရိန်းကိုကျူးကျော်ပြီးနောက်ပိုင်း ရုရှားစစ်သည် ခြောက်သိန်းကျော် သေဆုံးသွားခဲ့ကြောင်း နှင့် ပြည်ပအထောက်အပံ့မပါဝင်ဘဲ ရုရှားက စစ်ပွဲကို ဆက်မတိုက်နိုင်ကြောင်းလည်း မာ့ခ်ရူတဲ က ပြောကြားသည်။
မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။