ရှန်ကျိုး-၁၉ အာကာသလူသယ်ယာဉ် တရုတ်အာကာသအေဂျင်စီ လွှတ်တင်မည်

International News
ရှန်ကျိုး-၁၉ အာကာသလူသယ်ယာဉ် တရုတ်အာကာသအေဂျင်စီ လွှတ်တင်မည်

ရှန်ကျိုး-၁၉ အာကာသ လူသယ်ယာဉ်ကို တီယန်ကောင်း အာကာသစခန်းသို့ အောက်တိုဘာ ၃၀ ရက်တွင် လွှတ်တင်ရန် တရုတ်အမျိုးသားအာကာသအေဂျင်စီက စီစဉ်ထားကြောင်း သိရသည်။

ရှန်ကျိုး-၁၉ အာကာသ လူ သယ်ယာဉ်ကို တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ချိကွမ်အာကာသစခန်းမှတစ်ဆင့် လောင်းမတ်ခ်ျ- ၂ အေ အမျိုးအစားဒုံးပျံဖြင့် လွှတ်တင်မည်ဖြစ်သည်။

ရှန်ကျိုး-၁၉ အာကာသ လူသယ်ယာဉ်နှင့်အတူ တီယန်ကောင်း အာကာသစခန်းသို့ တရုတ်အာကာသယာဉ်မှူးသုံးဦး လိုက်ပါသွားမည်ဖြစ်ကြောင်း တရုတ်အမျိုးသား အာကာသအေဂျင်စီက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ တရုတ်အာကာသယာဉ်မှူးသုံးဦးတို့သည် တီယန်ကောင်း အာကာသစခန်းယာဉ်ပေါ်၌ ခြောက်လကြာ တာဝန်ထမ်းဆောင်မည်ဖြစ်ပြီး လာမည့်နှစ် ဧပြီ လကုန်ပိုင်း သို့မဟုတ် မေလအစောပိုင်းတွင် ကမ္ဘာမြေပေါ်သို့ပြန်လည် ဆင်းသက်မည်ဖြစ်သည်။

ရှန်ကျိုး-၁၉ မစ်ရှင်သည် တရုတ်အမျိုးသား အာကာသအေဂျင်စီက တီယန်ကောင်း အာကာသစခန်းအတွက် လွှတ်တင်မည့် စတုတ္ထမြောက်အာကာသ လူသယ်ယာဉ် မစ်ရှင်ဖြစ်သည်။

ရှန်ကျိုး-၁၉ ဖြင့် လိုက်ပါမည့် တရုတ်အာကာသယာဉ်မှူးသုံးဦးတို့ သည် တီယန်ကောင်း အာကာသစခန်းယာဉ်ပေါ်တွင် သိပ္ပံပညာနှင့် နည်းပညာစမ်းသပ်မှုပေါင်း ၈၆ ခု အထိ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...