လူထုထောက်ခံမှုနှုန်းအရ ကမလာဟားရစ်ကို ဒေါ်နယ်ထရန့် ၄၇ ရာခိုင်နှုန်းဖြင့် ဦးဆောင်နေ

International News
လူထုထောက်ခံမှုနှုန်းအရ ကမလာဟားရစ်ကို
ဒေါ်နယ်ထရန့် ၄၇ ရာခိုင်နှုန်းဖြင့် ဦးဆောင်နေ

အမေရိကန်သမ္မတရွေးကောက်ပွဲ မတိုင်မီ ဝေါလ်စထရိ ဂျာနယ်သတင်းစာက ပြုလုပ်ခဲ့ပြီး အောက်တိုဘာ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည့် လူထု သဘောထားကောက်ခံချက် စစ်တမ်းအရ လူထုထောက်ခံမှုနှုန်း ရယူထားနိုင်မှုတွင် ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ်နယ်ထရန့်က ဒီမိုကရက်တစ်ပါတီသမ္မတလောင်း ကမလာ ဟားရစ်ကို ဦးဆောင်ထားနိုင်ကြောင်း သိရသည်။

အောက်တိုဘာ ၁၉ ရက်နှင့် ၂၂ ရက်အကြား ကာလအတွင်း ပြုလုပ်ခဲ့သည့် စစ်တမ်းကောက်ခံချက်များအရ ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရန့်က လူထုထောက်ခံမှုရာနှုန်း ၄၇ ရာခိုင်နှုန်း ရရှိထားပြီး ပြိုင်ဘက် ကမလာဟားရစ်ကမူ ၄၅ ရာခိုင်နှုန်းရရှိထားကြောင်း ဝေါလ်စထရိ ဂျာနယ်သတင်းစာက သတင်းထုတ်ပြန်ထားသည်။

လာမည့် နိုဝင်ဘာ ၅ ရက်တွင် ကျင်းပမည့် အမေရိကန်သမ္မတရွေးကောက်ပွဲကို ရီပတ်ဘလီကန်ပါတီ သမ္မတလောင်း ဒေါ်နယ်ထရန့်နှင့် ဒီမိုကရက်တစ်ပါတီသမ္မတလောင်း ကမလာဟားရစ်တို့ အကြိတ်အနယ်ယှဉ်ပြိုင်ရမည်ဖြစ်သည်။


လက်ရှိအချိန်တွင် အမေရိကန်သမ္မတရွေးကောက်ပွဲ၌ ကြိုတင်မဲများပေးထားပြီးဖြစ်သည့် အမေရိကန် မဲဆန္ဒရှင်ပြည်သူအရေအတွက်မှာ ၂၅ သန်းနီးပါး ရှိနေပြီဖြစ်ကြောင်း သိရသည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...