သစ်ပင် ၄၁၀၀၀ ကျော် စိုက်ပျိုးခဲ့ပြီး ဆော်ပေါ်လိုမြို့မှာ ဥယျာဉ်ဖန်တီးပေးခဲ့သူ

International News
သစ်ပင် ၄၁၀၀၀ ကျော် စိုက်ပျိုးခဲ့ပြီး ဆော်ပေါ်လိုမြို့မှာ
ဥယျာဉ်ဖန်တီးပေးခဲ့သူ

ဘရာဇီးနိုင်ငံသားတစ်ဦးဟာ ပြီးခဲ့တဲ့ဆယ်စုနှစ် ၂ ခုအတွင်း သူ့ရဲ့မွေးရပ်မြေ ဆော်ပေါ်လိုမြို့မှာ ဥယျာဉ်တစ်ခု ဖန်တီးဖို့အတွက် သစ်ပင်ပေါင်း ၄၁၀၀၀ ကျော် စိုက်ပျိုးခဲ့ပါတယ်။ ဆော်ပေါ်လိုမြို့ပေါ်ကနေ လေယာဉ်နဲ့ ဖြတ်သန်းသွားသူတိုင်း ဟယ်လီယိုဒါဆေးလ်ဗားရဲ့ ဥယျာဉ်ကို မတွေ့ဘဲ နေမှာ မဟုတ်ပါဘူး။ အလျား ၃.၂ ကီလိုမီတာ၊ အနံ မီတာ ၁၀၀ ရှိပြီး စိမ်းစိုနေတဲ့ သစ်တောအုပ်လေးဟာ ဆော်ပေါ်လိုမြို့ရဲ့ အစည်ကားဆုံး လမ်းနှစ်ခုကြားမှာ တည်ရှိနေတာပါ။


တကယ်တော့ ဒါဆေးလ်ဗားက ဆော်ပေါ်လိုမြို့ကနေ ကီလိုမီတာ ၅၀၀ ကွာဝေးတဲ့ ပရိုမစ်ဆာအိုမြို့မှာ ကြီးပြင်းခဲ့သူဖြစ်ပြီး အောင်မြင်တဲ့ စီးပွားရေးသမားတစ်ယောက်ပါ။ စီးပွားရေးလောကကနေ အနားယူပြီးချိန်မှာ ရေတိုက်စားခံရလို့ ပြိုကျနေတဲ့ တိုင်ကွာတီယာမြစ်ကမ်းပါးတစ်လျှောက် သစ်ပင်တွေ စိုက်ပျိုးခဲ့တာပါ။

ပထမ ၄ နှစ်တာအတွင်းမှာ ဒါဆေးလ်ဗားက သစ်ပင်ပေါင်း ၅၀၀၀ ကျော် စိုက်ပျိုးခဲ့ပြီး သူ့ရဲ့ကြိုးပမ်းအားထုတ်မှုကို ဆော်ပေါ်လိုမြို့ မြူနီစီပယ်အရာရှိတွေကလည်း အသိအမှတ်ပြုခဲ့ပါတယ်။ အဲဒီနေရာကို ဆော်ပေါ်လိုမြို့ရဲ့ ဥယျာဉ်အဖြစ် သတ်မှတ်ပေးခဲ့ပြီး ၂၀၂၀ ပြည့်နှစ်အရောက်မှာတော့ ဒါဆေးလ်ဗားက သစ်ပင်ပေါင်း ၂၅၀၀၀ ကျော် ထပ်မံစိုက်ပျိုးခဲ့တာပါ။ အခုချိန်မှာ သူ့ရဲ့အသက်က ၇၃ နျစ် ရှိနေပါပြီ။


သူ့ရဲ့ အိုအေစစ်လေးထဲမှာ ကျေးငှက်တွေ နားခိုနိုင်စေဖို့ ရည်ရွယ်ပြီး သစ်ပင် ၁၂ ပင်စိုက်ရင် သီးပင်တစ်ပင် ထည့်သွင်းစိုက်ပျိုးလေ့ရှိပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက် အောင်မြင်ခဲ့ပြီး တိုင်ကွာတီယာဥယျာဉ်ထဲမှာ ကျေးငှက်အမျိုးအစားပေါင်း ၄၅ မျိုး နားခိုလျက်ရှိပါတယ်။ သူဟာ ၂၀၂၂ ခုနှစ်ကစပြီး တစ်နှစ်စိုက်ပျိုးစရိတ် ဒေါ်လာ ၇၀၀၀ သုံးစွဲခဲ့တယ်လို့ ဒါဆေးလ်ဗားက ဆိုပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ ဆော်ပေါ်လိုမြို့ကို စိမ်းလန်းစိုပြေစွာနဲ့ နောက်မျိုးဆက်တွေအတွက် လက်ဆင့်ကမ်းပေးချင်တာလို့ ဆိုပါတယ်။

 

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...