ဟစ်ဇ်ဘိုလာဒရုန်း နိုင်ငံတွင်းမည်ကဲ့သို့ဖြတ်ကျော်ခဲ့သည်ကို စုံစမ်းစစ်ဆေးမှုများ အစ္စရေးစစ်တပ်လုပ်ဆောင်မည်

International News
ဟစ်ဇ်ဘိုလာဒရုန်း နိုင်ငံတွင်းမည်ကဲ့သို့ဖြတ်ကျော်ခဲ့သည်ကို
စုံစမ်းစစ်ဆေးမှုများ အစ္စရေးစစ်တပ်လုပ်ဆောင်မည်

ယမန်နေ့တွင် အစ္စရေးနိုင်ငံအတွင်း ဟစ်ဇ်ဘိုလာအဖွဲ့ကလွှတ်တင်သည့် ဒရုန်းတစ်စင်း လေကြောင်းရန်သတိပေးချက်မရရှိဘဲ ကျရောက်ခဲ့မှုအပေါ် စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဒန်နီယယ်ဟာဂါရီ က ပြောကြားသည်။

“သတိပေးအချက်ပြမှုမရရှိဘဲ စခန်းထဲဒရုန်း ဘယ်လိုဝင်ရောက်လာခဲ့သလဲဆိုတာကို လေ့လာပြီး စုံစမ်းစစ်ဆေးသွားမှာပါ” ဟု ယမန်နေ့တွင်တိုက်ခိုက်ခံခဲ့ရသော ဘီညာမီနာမြို့အနီးရှိ စစ်အခြေစိုက်စခန်း၌ ဟာဂါရီ က ပြောကြားသည်။

ဒရုန်းအား ဟစ်ဇ်ဘိုလာ လက်ဘနွန်မှ ဒေသစံတော်ချိန် ယမန်နေ့ ည ၇ နာရီခန့်တွင် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ လေကြောင်းရန်ကာကွယ်ရေးအတွက် အစ္စရေးက ပိုမိုကောင်းမွန်သည့် အပြောင်းအလဲ တစ်ရပ် လိုအပ်နေသေးကြောင်း ဟာဂါရီ က ဆိုသည်။

အစ္စရေး၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များ အာရုံရှုပ်ထွေးစေရန် ရည်ရွယ်ချက်ဖြင့် နာဟာရီယာ နှင့် အေကမြို့များဆီသို့ ဒုံးပျံ ဒါဇင်များစွာကို ပစ်လွှတ်ခဲ့ကြောင်း ဟစ်ဇ်ဘိုလာ က ပြောကြားသည်။

“ဒီမောင်းသူမဲ့လေယာဉ်တွေက အစ္စရေးကာကွယ်ရေး ရေဒါတွေ ထောက်လှမ်းခံရခြင်းမရှိဘဲ ဖြတ်ကျော်ဝင်ရောက်ပြီး သိမ်းပိုက်ထားတဲ့ ဟိုင်ဖာမြို့ တောင်ပိုင်းက အီလိုက်ဂိုလန်နီတပ်မဟာရဲ့ လေ့ကျင့်ရေးစခန်း ပစ်မှတ်ကိုရောက်ရှိခဲ့ပြီး ဦးရေဆယ်နဲ့ချီတဲ့ အရာရှိတွေနဲ့ စစ်သားတွေ လက်ဘနွန်ကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့ အခန်းတွေထဲမှာ ပေါက်ကွဲခဲ့ပါတယ်။ သူတို့ကို သတ်ဖြတ်နိုင်ခဲ့ပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့တယ်” ဟု ဟစ်ဇ်ဘိုလာအဖွဲ့က ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း အစ္စရေးစစ်သားလေးဦး သေဆုံးခဲ့ကြောင်း IDF မှ ပြောကြားခဲ့ပြီး လူ ၆၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ ပြောကြားသည်။

အစ္စရေးနှင့် လက်ဘနွန်တောင်ပိုင်းတို့တွင် အစ္စရေးစစ်သားများ၊ စစ်အခြေစိုက်စခန်းများနှင့် စစ်တန်းလျားများကို ၃၈ ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ကြောင်း အီရန်ကျောထောက်နောက်ခံပြုဟစ်ဇ်ဘိုလာအဖွဲ့က ယမန်နေ့တွင် ပြောကြားသည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...