Emei တောင်ပေါ်မှာ လေ့ကျင့်ပေးထားတဲ့ ကိုယ်ခံပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ တရုတ်မိန်းကလေးအဖွဲ့

International News
Emei တောင်ပေါ်မှာ လေ့ကျင့်ပေးထားတဲ့ ကိုယ်ခံပညာရှင်တွေနဲ့
ဖွဲ့စည်းထားတဲ့ တရုတ်မိန်းကလေးအဖွဲ့

Wuxia ဝတ္ထု The Heaven Sword and Dragon Saber ရဲ့စာဖတ်ပရိသတ်တွေကတော့ Emei ကိုယ်ခံပညာကျောင်းနဲ့ရင်းနှီးပြီးသားဖြစ်မှာပါ။

Emei ကိုယ်ခံပညာကျောင်းမှာ လေ့ကျင့်ပေးထားတဲ့ မိန်းကလေးတွေက အခုနှစ် ဧပြီလမှာ Emei Kung Fu Girls အဖွဲ့အဖြစ် ဖွဲ့စည်းခဲ့ပါတယ်။

အဖွဲ့ဝင် ၉ ဦးပါဝင်တဲ့ အဲ့ဒီအဖွဲ့က Emei ကိုယ်ခံပညာကို ခေတ်ပေါ်အကတွေနဲ့ ရောနှောထားပါတယ်။ သူတို့က အထင်ကြီးလောက်စရာစွမ်းရည်တွေနဲ့ တရုတ်နိုင်ငံရှိ Emei တောင်တစ်ဝိုက်က နေရာအမျိုးမျိုးကို နောက်ခံထားပြီး ကိုယ်ခံပညာကကွက်တွေဖျော်ဖြေတဲ့ ဗီဒီယိုအများအပြားကို တင်ခဲ့ပါတယ်။ သူတို့ရဲ့ဗီဒီယိုတွေထဲက တစ်ခုဆို ကြည့်ရှုသူ ၁ ဘီလျံထိရှိခဲ့ပါတယ်။

Emei Kung Fu Girls အဖွဲ့က ပါရီအိုလံပစ်ပွဲတော်မှာ ဗီဒီယိုတစ်ပုဒ်ကို ရိုက်ကူးခဲ့တဲ့အချိန်ကလည်း နိုင်ငံတကာက အသိအမှတ်ပြုမှုကိုရရှိခဲ့ပါတယ်။

Emei ကိုယ်ခံပညာပုံစံကို တရုတ်အစိုးရက ၂၀၀၈ ခုနှစ်ကစတင်ပြီး ယဉ်ကျေးမှုအမွေအနှစ်အဖြစ် စာရင်းသွင်းခဲ့တာပါ။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...