ကိုရီးယားနှစ်နိုင်ငံ ဆက်သွယ်ထားသော လမ်းပိုင်းတစ်ခုကို မြောက်ကိုရီးယား ဖောက်ခွဲဖျက်ဆီး

International News
ကိုရီးယားနှစ်နိုင်ငံ ဆက်သွယ်ထားသော လမ်းပိုင်းတစ်ခုကို
မြောက်ကိုရီးယား ဖောက်ခွဲဖျက်ဆီး

ကိုရီးယားနှစ်နိုင်ငံကြား အခိုင်အမာစစ်ရေးအားဖြည့်ထားသောနယ်စပ်ရှိ ၎င်းတို့ဘက်ခြမ်းမှ နှစ်နိုင်ငံဆက်သွယ်ထားသည့် လမ်းပိုင်းတစ်ခုကို မြောက်ကိုရီးယားက ယနေ့တွင် ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်း တောင်ကိုရီးယားစစ်ဘက် က ပြောကြားသည်။
နေ့လယ်ပိုင်းအချိန်ခန့်တွင် နိုင်ငံချင်းဆက် ကားလမ်းပိုင်း နှင့် ရထားလမ်း လမ်းပိုင်းအချို့ကို မြောက်ကိုရီးယားက ဖောက်ခွဲဖျက်ဆီးပစ်လိုက်ကြောင်း တောင်ကိုရီးယားစစ်ဦးစီးချုပ်ရုံးက မီဒီယာများထံ ပေးပို့သည့် မက်ဆေ့ချ်တွင် ပြောကြားသည်။

ယင်းကို တုံ့ပြန်၍ တောင်ကိုရီးယားစစ်ဘက်ကလည်း နှစ်နိုင်ငံနယ်စပ်မျဉ်း တောင်ဘက်ခြမ်းသို့ သတိပေးပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရပြီး ယင်းပစ်ခတ်မှုများကြောင့် တောင်ကိုရီးယားဘက်ခြမ်းတွင် ထိခိုက်ပျက်စီးမှု မရှိခဲ့ပေ။

နိုင်ငံချင်းဆက် ကားလမ်း နှင့် ရထားလမ်းကို အမြဲတမ်းဖြတ်တောက်ပစ်မည် ဖြစ်ကြောင်း နှင့် နယ်စပ်ကို ထပ်မံအားဖြည့်သွားမည်ဖြစ်ကြောင်း ပြုံယမ်းက ပြီးခဲ့သည့် သီတင်းပတ်အတွင်း က သန္နိဌာန်ပြုခဲ့ပြီးနောက် အထက်ပါ ဖောက်ခွဲဖျက်ဆီးမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။

မြောက်ကိုရီးယားက နယ်စပ်တစ်လျှောက်တွင် မြေမြုပ်မိုင်းများ နှင့် အတားအဆီးများကို ချထားနှင့်ပြီးဖြစ်သည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...