ကျူးဘားတစ်နိုင်ငံလုံး လျှပ်စစ်မီးများပြတ်တောက်

International News
ကျူးဘားတစ်နိုင်ငံလုံး လျှပ်စစ်မီးများပြတ်တောက်

ကျူးဘားနိုင်ငံ၏ အဓိက ဓာတ်အားပေးစက်ရုံ ရပ်သွားခဲ့ပြီးနောက် တစ်နိုင်ငံလုံးတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်နေကြောင်း ဘီဘီစီသတင်းအရသိရသည်။
လူပေါင်း ဆယ်သန်း နေထိုင်သော ကျွန်းနိုင်ငံမှ မဟာဓာတ်အားလိုင်းများ ယမန်နေ့ နံနက် ၁၁ နာရီတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်သွားခဲ့ကြောင်း နှင့် မည်သည့်အချိန်တွင် အပြည့်အဝပြန်ရမည်ကိုလည်း မသိရှိကြောင်း ဓာတ်အားလိုင်းအရာရှိများက ပြောကြားသည်။

ကျွန်းနိုင်ငံသည် လပေါင်းများစွာပင် အချိန်ကြာမြင့်သော ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းနှင့်အတူ ကြာသပတေးနေ့တွင် ဝန်ကြီးချုပ် က စွမ်းအင်အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။

ကျူးဘားနိုင်ငံတွင် အကြီးဆုံးဖြစ်သော အန်တိုနီယိုဂူတာရက်စ် ဓာတ်အားပေးစက်ရုံ ရပ်တန့်သွားခဲ့ပြီးနောက် ယမန်နေ့ က တစ်နိုင်ငံလုံး အမှောင်ကျသွားခဲ့ခြင်းဖြစ်သည်။
လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိရေးက လုံးဝ ဦးစားပေးကိစ္စဖြစ်ကာ လျှပ်စစ်မီးပြန်ရချိန်အထိ အနားယူခြင်း ရှိမှာမဟုတ်ကြောင်း သမ္မတ မီဂွယ်ဒီယက်ဇ်ကာနယ်ဘာမြူဒက်ဇ် က ပြောကြားသည်။

စာသင်ကျောင်းများ အားလုံးနှင့် မရှိမဖြစ်မဟုတ်သည့် လုပ်ငန်းများ ဥပမာ-နိုက်ကလပ်များကို တနင်္လာနေ့အထိ ပိတ်ထားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ယမန်နေ့ အစောပိုင်းတွင် ပြောကြားသည်။


လျှပ်စစ်မီးကို ချွေတာရန် မရှိမဖြစ် မဟုတ်သော ဝန်ထမ်းများလည်း အိမ်၌ နေထိုင်ကြရမည်ဖြစ်ပြီး အရေးမကြီးသည့် အစိုးရလုပ်ငန်းများကိုလည်း ဆိုင်းငံ့ထားမည်ဖြစ်သည်။

“ ဒါက ငါတို့ရဲ့ လျှပ်စစ်ဓာတ်အားစနစ် အထိမခံ ရွှေပန်းကန် ဖြစ်နေတာကို ပြသနေတာပဲ ၊ ငါတို့မှာ အရန်ဆိုတာလည်း မရှိဘူး။ ဒီနိုင်ငံမှာ ရေရှည်ထိန်းသိမ်းနိုင်တာ ဘာမှ မရှိဘူး။ တစ်နေ့ချင်းပဲ ဖြတ်ကျော်နေရတယ်” ဟု မြို့တော် ဟာဗာနားမှ အသက် ၈၀ နှစ်အရွယ်ပင်စင်စားကြီး အီလွိုင်ဖွန် က ပြောသည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...