ထရာမီအပူပိုင်းမုန်တိုင်း ဖိလစ်ပိုင်သို့ ဦးတည်နေပြီး စာသင်ကျောင်းများပိတ်ထား

International News
ထရာမီအပူပိုင်းမုန်တိုင်း ဖိလစ်ပိုင်သို့ ဦးတည်နေပြီး
စာသင်ကျောင်းများပိတ်ထား

ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းသို့ ထရာမီ အပူပိုင်းမုန်တိုင်း ဦးတည်လာနေချိန်တွင် အစိုးရလုပ်ငန်းများကို ဖိလစ်ပိုင်က ဆိုင်းငံ့ထားပြီး စာသင်ကျောင်းများကိုလည်း ပိတ်ထားလိုက်ကာ သမ္မတ ဖာဒီနန်မားကို့စ်ကလည်း မုန်တိုင်းမဝင်မီ ကြိုတင်ပြင်ဆင်ထားကြရန် အရေးပေါ်တုံ့ပြန်သူများအား ညွှန်ကြားထားသည်။
ထရာမီ မုန်တိုင်းသည် ယ‌နေ့ ညနေပိုင်းနှင့် မနက်ဖြန် နံနက်အစောပိုင်းတွင် ဖိလစ်ပိုင်အား ဖြတ်ကျော်မည်ဟု ခန့်မှန်းကြောင်း ဖိလစ်ပိုင်အစိုးရ မိုးလေဝသဌာန က အောက်တိုဘာ ၂၃ ရက် နံနက် ၁၁ နာရီ အချိန်ထုတ်ပြန်ချက်တွင် ပြောကြားသည်။

မုန်တိုင်းကြောင့် ရှေ့လာမည့်ရက်များတွင် ရွာသွန်းမည့် မိုးရေချိန်လက်မကို သတိထားစောင့်ကြည့်ရန် သမ္မတ မားကို့စ် က အစိုးရအေဂျင်စီများကို ပြောကြားသည်။ မိုးရေချိန်ပမာဏမှာ ယခင်က မကြုံဖူးသောအခြေအနေဖြစ်ကာ ယင်းကို အနီးကပ်စောင့်ကြည့်သွားရမည် ဖြစ်ကြောင်း မားကို့စ် က ပြောကြားသည်။
မုန်တိုင်းမဝင်ရောက်မီမှာပင် ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း ဘီကိုးလ်ဒေသတွင် မိုးများ စံချိန်တင်ရွာသွန်းပြီး ရေကြီးမှုက ဘန်ဂလိုအိမ် အမိုးအထိ ရောက်ရှိတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ မြစ်ရေလျှံခြင်းများနှင့်အတူ လျှပ်တစ်ပြက် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သဘာဝဘေး အန္တရာယ်ဆိုင်ရာတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် နှစ်လခန့်အတွင်း ရရှိသည့် မိုးရေချိန်ပမာဏကို ၂၄ နာရီအတွင်း ရွာသွန်းသွားခဲ့ကြောင်း အယ်လ်ဘေးခရိုင်ဘေးအန္တရာယ်ကူညီရေးရုံး အရာရှိ စီးဒရစ်ဒိတ်ပ် က ပြောကြားသည်။

မုန်တိုင်းလမ်းကြောင်းပေါ်ရှိ ကမ်းရိုးတန်းမြို့နယ်များတွင် လေပြင်းများတိုက်ခတ်ခြင်း ၊ မိုးသည်းထန်ခြင်းနှင့် ကြီးမားသော ရေလှိုင်း အန္တရာယ်ကို သတိပြုကြရန် ဖိလစ်ပိုင်မိုးလေဝသဌာန က သတိပေးချက်ထုတ်ပြန်ထားသည်။

မုန်တိုင်းကိုရင်ဆိုင်ရန်ပြင်ဆင်စဉ်အတွင်း ဖိလစ်ပိုင်၏ အဓိကကျွန်းကြီးဖြစ်သော လူဇွန်ကျွန်းပေါ်တွင် အစိုးရရုံးများနှင့် စာသင်ကျောင်းများကို ပိတ်သိမ်းထားသည်။ သို့ရာတွင် ဘေးအန္တရာယ်တုံ့ပြန်ရေးအစိုးရအေဂျင်စီများနှင့် အခြားအရေးကြီးဌာနများကို ဆက်လက်ဖွင့်ထားကြောင်း သမ္မတရုံးက ထုတ်ပြန်ထားသည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...