ယခုနှစ် ဓာတုဗေဒနိုဘယ်လ်ဆု သိပ္ပံပညာရှင်သုံးဦး ပူးတွဲရရှိ

International News Tech
ယခုနှစ် ဓာတုဗေဒနိုဘယ်လ်ဆု သိပ္ပံပညာရှင်သုံးဦး ပူးတွဲရရှိ

၂၀၂၄ ခုနှစ် ဓာတုဗေဒ နိုဘယ်လ်ဆုကို အမေရိကန်သိပ္ပံပညာရှင်နှစ်ဦးနှင့် ဗြိတိန်သိပ္ပံပညာရှင်တစ်ဦးတို့ ပူးတွဲရရှိခဲ့ကြောင်း ဓာတုဗေဒ နိုဘယ်လ်ဆုရွေးချယ်ရေးကော်မတီက အောက်တိုဘာ ၉ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

အမေရိကန် သိပ္ပံပညာရှင်များဖြစ်ကြသည့် ဒေးဗစ်ဘေကာ၊ ဂျွန်အမ်ဂျန်ပါနှင့် ဗြိတိန်သိပ္ပံပညာရှင် ဒီးမစ်ဟာဆာဘစ်တို့သည် ပရိုတိန်းအားလုံးနီးပါး၏ ဖွဲ့စည်းပုံကိုခန့်မှန်းရာတွင် ဉာဏ်ရည်တုနည်းပညာ(အေအိုင်)ကို အောင်မြင်စွာ အသုံးချနိုင်ခဲ့သည့်အတွက် ယခု နှစ်၏ ဓာတုဗေဒ နိုဘယ်လ်ဆုကို ၎င်းတို့သုံးဦးအား ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း ဓာတုဗေဒ နိုဘယ်လ်ဆု ရွေးချယ်ရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။

ဓာတုဗေဒနိုဘယ်လ်ဆုအတွက် ရရှိမည့် ဆွီဒင် ကရောင်းငွေ ၁၁ သန်းနီးပါးကို အထက်ပါသိပ္ပံပညာရှင်သုံးဦးတို့အနေဖြင့် ခွဲဝေခံစား ရမည်ဖြစ်သည်။


ဓာတုဗေဒနိုဘယ်လ်ဆုသည် ယခုနှစ် နိုဘယ်လ်ဆုပေးပွဲရာသီ၏ တတိယမြောက် နိုဘယ်လ်ဆုဖြစ်ပြီး ဆေးပညာနိုဘယ်လ်ဆုနှင့် ရူပဗေဒနိုဘယ်လ်ဆုတို့ကို အောက်တိုဘာ ၇ ရက်နှင့် ၈ ရက်တို့တွင် ကြေညာခဲ့ပြီးဖြစ်သည်။

ယခုနှစ်၏ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကိုမူ အောက်တိုဘာ ၁၁ ရက်တွင် နော်ဝေ ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ရွေးချယ်ရေးကော်မတီက ကြေညာမည်ဖြစ်သည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...