လက်ဘနွန်ကို ဂါဇာကဲ့သို့ ဖျက်ဆီးပစ်နိုင်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ခြိမ်းခြောက်

International News
လက်ဘနွန်ကို ဂါဇာကဲ့သို့ ဖျက်ဆီးပစ်နိုင်ကြောင်း
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ခြိမ်းခြောက်

အစ္စရေးစစ်ဘက် က လက်ဘနွန်ကမ်းရိုးတန်းတောင်ဘက်မှ ဟစ်ဇ်ဘိုလာများအပေါ် မြေပြင်ထိုးစစ်များ တိုးချဲ့လုပ်ဆောင်နေပြီး အရပ်သားများ တိမ်းရှောင်ကြရန် ပြောကြားနေစဉ် လက်ဘနွန်နိုင်ငံသည်လည်း ဂါဇာဒေသကဲ့သို့ ဖျက်ဆီးမှုများနှင့် ရင်ဆိုင်ရနိုင်ကြောင်း ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု က သတိပေးပြောကြားသည်။

ဂါဇာတွင်မြင်တွေ့ခဲ့ရသည့် ဖျက်ဆီးမှုနှင့် ဒုက္ခများဆီ ဦးတည်နေသော ရေရှည်စစ်ပွဲချောက်ကမ်းပါးထဲ မကျဆင်းမီ လက်ဘနွန်ကို ကယ်တင်နိုင်မည့် အခွင့်အရေးရှိနေကြောင်း နှင့် ၎င်းတို့နိုင်ငံတွင် ဟစ်ဇ်ဘိုလာများ ကင်းစင်အောင်လုပ်ပြီး စစ်ပွဲကို အဆုံးသတ်နိုင်ကြောင်း နေတန်ယာဟု က လက်ဘနွန်ပြည်သူများအား ပြောကြားသည်။

ဂါဇာမှ မဟာမိတ် ဟားမားစ်အဖွဲ့ကို ဟစ်ဇ်ဘိုလာအဖွဲ့ က ထောက်ခံပြီး အစ္စရေးမြောက်ပိုင်းသို့ ရော့ကတ်များဖြင့် ပစ်ခတ်နေခဲ့သဖြင့် အစ္စရေးမြောက်ပိုင်းတွင် နေထိုင်သူများ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ရာ မြောက်ပိုင်းတွင်နေထိုင်သူများ အိမ်ပြန်နိုင်သည်အထိ ဟစ်ဇ်ဘိုလာတို့အား ထိုးစစ်ဆင်သွားမည်ဟု အစ္စရေးက ကြွေးကြော်ထားသည်။

ဟားမားစ်နှင့် ဟစ်ဇ်ဘိုလာ အဖွဲ့နှစ်ဖွဲ့စလုံး က အစ္စရေးအား အလျှော့ပေးသွားမည် မဟုတ်ကြောင်း ကတိပြုထားကြပြီး အစ္စရေးနိုင်ငံသားများ မြောက်ပိုင်းသို့ မပြန်နိုင်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဟစ်ဇ်ဘိုလာအဖွဲ့ ဒုတိယခေါင်းဆောင် နမ်ကက်ဆင် က အင်္ဂါနေ့က ပြောကြားခဲ့သည်။

အစ္စရေးက လက်ဘနွန်နိုင်ငံမှ ဟစ်ဇ်ဘိုလာအမာခံနယ်မြေများကို စက်တင်ဘာ ၂၃ ရက် မှစ၍ လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ရာ လူပေါင်းအနည်းဆုံး ၁၁၅၀ ဦး သေဆုံးခဲ့ကာ လူပေါင်းတစ်သန်းလောက်ခန့် ထွက်ပြေးတိမ်းရှောင်နေရသည်။

ဟစ်ဇ်ဘိုလာတို့၏ အမာခံနယ်မြေများမှာ အများအားဖြင့် လက်ဘနွန်တောင်ပိုင်း ၊ အရှေ့ပိုင်းနှင့် မြို့တော် ဘေရွတ်တောင်ပိုင်းတွင် တည်ရှိနေခြင်းဖြစ်သည်။
ယခုစစ်ပွဲ က ဂါဇာဒေသကို သင်္ချိုင်းမြေအဖြစ် ပြောင်းလဲပစ်လိုက်ကြောင်း ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ( UNRWA) အကြီးအကဲ ဖိလစ်လက်ဇာရီနီ က ပြောကြားသည်။

 

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...