အချိန်ယန္တယားသုံးပြီး နုပျိုအောင်ကုပေးမယ်ဆိုကာ ဒေါ်လာ ၄ သန်းကျော် လိမ်ညာခဲ့တဲ့ အိန္ဒိယဇနီးမောင်နှံကို ရဲတပ်ဖွဲ့ ရှာဖွေနေ

International News
အချိန်ယန္တယားသုံးပြီး နုပျိုအောင်ကုပေးမယ်ဆိုကာ ဒေါ်လာ ၄ သန်းကျော်
လိမ်ညာခဲ့တဲ့ အိန္ဒိယဇနီးမောင်နှံကို ရဲတပ်ဖွဲ့ ရှာဖွေနေ

အချိန်ယန္တယားအသုံးပြုပြီး နှစ် ၂၀ လောက် ပြန်ငယ်သွားသလို နုပျိုအောင် လုပ်ပေးမယ်ဆိုကာ အိန္ဒိယရူပီး ၃၅ ကုဋေကျော် လိမ်လည်ခဲ့တဲ့ အိန္ဒိယဇနီးမောင်နှံနှစ်ဦးကို ရဲတပ်ဖွဲ့က အလိုရှိနေပါတယ်။ ဥတ္တာပရာဒက်ရှ်ပြည်နယ် ကန်ပူရ်မြို့မှာ ကုထုံးစင်တာ ဖွင့်လှစ်ထားတဲ့ ရာဂျစ်နဲ့ ရက်ရှ်မီတို့ ဇနီးမောင်နှံဟာ လူ့သမိုင်းတစ်လျှောက် အကြီးမားဆုံး လိမ်လည်မှုကြီးတစ်ခု ကျူးလွန်ခဲ့တာပါ။

ညစ်ညမ်းတဲ့လေထုကြောင့် လူတွေ အိုမင်းရင့်ရော်လာတာလို့ သူတို့က ဆိုခဲ့ပြီး အစ္စရေးနိုင်ငံထုတ် အချိန်ယန္တယား၊ အောက်ဆီဂျင်ကုထုံးတွေနဲ့ နုပျိုလာအောင် ကုသပေးနိုင်တယ်လို့ လိမ်ညာခဲ့ကြတာပါ။ သူတို့ဟာ ကုထုံး ၁၀ ကြိမ်စာအတွက် ရူပီး ၆၀၀၀ ကောက်ခံပြီး ၃ နှစ်တာ ကုထုံးအတွက် ရူပီး ၉၀၀၀၀ ကောက်ခံပါတယ်။ ပိရမစ်ပုံစံ လိမ်ညာမှုအဖြစ် ဖောက်သည်သစ်တစ်ဦး ခေါ်လာပေးသူတိုင်းကို အောက်ဆီဂျင်ကုထုံး အခမဲ့ကုသခွင့်ပေးမယ်လို့ မက်လုံးပေး စည်းရုံးခဲ့တာပါ။

သူတို့ရဲ့ ကုထုံးစင်တာမှာ လာရောက်ကုသခဲ့ပြီး အလိမ်ညာခံခဲ့ရသူ ရီနူးဆင်းဂျ်က ရူပီး ၁၀ သိန်းကျော် အလိမ်အညာခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ထံ တိုင်ချက်ဖွင့်ခဲ့တာပါ။ အလိမ်ညာခံခဲ့ရသူတွေဟာ စုစုပေါင်း ရူပီး ၃၅ ကုဋေ (အမေရိကန်ဒေါ်လာ ၄.၁ သန်း) ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။ အခုချိန်မှာတော့ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေလုပ်နေပြီး ရာဂျစ်နဲ့ ရက်ရှ်မီတို့ ဇနီးမောင်နှံကို ရှာဖွေလျက်ရှိပါတယ်။ ပြည်ပထွက်မပြေးနိုင်အောင်လည်း လေဆိပ်တွေမှာ သူတို့လင်မယားဓာတ်ပုံတွေ ပို့ပြီး သတိပေးတားမြစ်ထားပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...