ကျောက်ကပ်အားနည်းသူတိုင်းသိထားရမယ့်အချက်များ

Health Knowledge
ကျောက်ကပ်အားနည်းသူတိုင်းသိထားရမယ့်အချက်များ

ကျောက်ကပ်ပျက်စီး ရင် အရာရာဟာနောက်ကျနေပါပြီ ဒီတော့ မပျက်စီးခင် ကျောက်ကပ်အားနည်း ရင် ဘာတွေသိထားရမလဲဆိုတာ အသေးစိတ်မျှဝေပေးပါမယ်

ကျောက်ကပ်အားနည်းတယ်ဆိုတာဘာကိုပြောတာလဲ ဘယ်လိုသိနိုင်မလဲ
လွယ်မလိုနဲ့ခက်တဲ့ အသုံးအနှုန်းပါ
ကျောက်ကပ်အားနည်းတယ်ဆိုတာ ကျောက်ကပ်ရဲ့အဓိကတာဝန်တစ်ခုဖြစ်တဲ့ #ဆီး စွန့်တာစတင်ပြီးနည်းလာတဲ့သဘောလို့မှတ်ထားစေချင်ပါတယ်
ယေဘုယျအားဖြင့် ကြည့်ရင် #ရောဂါလက္ခဏာ ဘာမှမပြသေးတာမို့ သိဖို့ခဲယဉ်းပါတယ်

ဒါဆိုဘယ်လိုသိနိုင်မလဲ

သိနိုင်တဲ့ နည်းလမ်းကတော့ သွေးစစ်ကြည့်တဲ့နည်း(creatinine)လို့်ခေါ်တဲ့ ဓာတ်တစ်ခုကိုသွေးထဲကစစ်ကြည့်ရပါမယ်
ကျောက်ကပ်အားနည်းတယ်လို့သိနိုင်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ သွေးပုံမှန်စစ်တဲ့နည်းလမ်းတစ်ခုပဲရှိပါတယ်( mediacl checkup)

ဘယ်သူတွေမှာ ကျောက်ကပ်သွေး creatinine ပုံမှန်စစ်သင့်လဲ
ဆီးချိုရောဂါ ရှိသူ
သွေးတိုးရောဂါ ရှိသူ
နှလုံးရောဂါ ရှိသူ
လေဖြတ်ဖူးသူ
အရင်ကကျောက်ကပ်ထိခိုက်ဖူးသူ
ကင်ဆာရောဂါဆေးသွင်းရတဲ့သူ
မိသားစုမျိုးရိုး မှာကျောက်ကပ်ရောဂါရှိသူ
SLE လို့ခေါ်တဲ့ရောဂါရှိသူ တွေမှာ 6 လ တစ်ခါ (သို့) ၁ နှစ် ၁ခါ စစ်သင့်တယ်လို့ သုသေတနတွေ့ရှိချက်တွေကအကြံပြုထားပါတယ်

ကျောက်ကပ်အားနည်းသူတို့ ဆောင်ရန် ရှောင်ရန်များ

အလွယ်ကူဆုံးအစားအသောက်အနေအထိုင်ဆေးဝါးလို့မှတ်ထားနိုင်ပါတယ်
အစားအသောက်

ဆား – ကျောက်ကပ်အားနည်းတဲ့သူတစ်ယောက်တစ်နေ့မှာ ဆားဓာတ်ကို 2gထက်ပိုမစားရဘူးလို့မှတ်ထားနိုင်ပါမယ်( စားပွဲတင်ဇွန်း ၁ ဇွန်းခန့်)
ပိုစားရင် ကျောက်ကပ်ပိုပြီးထိခိုက်တတ်ပါတယ်

အချိုဓာတ် အဆီအစိမ့် – တွေကိုလည်း အနည်းငယ်သာစားသင့်ပါတယ်(အတိအကျဖော်ပြထားခြင်းမရှိပါ) အထူးသဖြင့် ပြန်ကြော်ဆီတွေကို တတ်နိုင်သမျှမစားတာအကောင်းဆုံးပါ

အသား – အသားဓာတ်ကိုတော့ နေ့စဉ် 0.8g သာစားရမယ်လို့မှတ်ထားနိုင်ပါတယ်(အများကြီးမစားရဘူးလို့မှတ်ထားရင်လည်းရပါတယ်)
ငါးကိုတော့ ဘယ်ငါးမဆို ကြိုက်သလောက်စားနိုင်ပါတယ်

ကိုယ်လက်လေ့ကျင့်ခန်း – တစ်နေ့ကို ၂၀-၂၅ မိနစ်ခန့်ပေါ့ပေါ့ပါးပါးလမ်းလျှောက်တဲ့ လေ့ကျင့်ခန်းကိုလုပ်ပေးမယ်ဆိုရင် ကျောက်ကပ်နဲ့အတူနောက်ဆက်တွဲ #နှလုံးသွေးကြောကျဉ်းရောဂါ ကိုကာကွယ်နိုင်ပါတယ်

ရေ – ရေကိုလျော့သောက်သင့်သလား တိုးသောက်သင့်သလားဆိုတာကတော့ တကယ့်ကိုအငြင်းအခုန်ဖြစ်တတ်တဲ့အကြောင်းအရာတစ်ခုပါ
အကောင်းဆုံးဒီလိုမှတ်ထားပါ

သောက်ရမယ့်ပမာဏကို ရှေ့ရက်မှာသွားခဲ့တဲ့ဆီးပမာဏ နဲ့ ၅၀၀ စီစီ ပေါင်းပြီးသောက်နိုင်ပါတယ်
ဥပမာ – မနေ့က ဆီး ၅၀၀ စီစီသွားတယ်ဆိုရင်
ဒီနေ့သောက်ရမယ့် ပမာဏဟာ ၅၀၀ + (၅၀၀) လို့တွက်ရပါမယ် ဒါဆို ဒီနေ့သောက်ရမယ့် ပမာဏ ဟာ
(၁၀၀၀စီစီ) ဖြစ်ပါလိမ့်မယ်
ဘာကြောင့် ၅၀၀ စီစီ ပေါင်းရတာလည်းဆိုတာကတော့ ဆေးပညာအရ(incensible loss)လို့ခေါ်ပါတယ် ကျွန်တော်တို့မမြင်နိုင်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းကနေပြီး ရေဓာတ် ဆုံးရှုံးနေလို့ပဲဖြစ်ပါတယ်

ပိုတက်စီယမ်ဓာတ် – ကျောက်ကပ်အားနည်းနေတဲ့သူတွေမှာ ပိုတက်စီယမ် လို့ခေါ်တဲ့ ဓာတ်တစ်ခုဟာ သွေးထဲမှာ ပုံမှန်ဖြစ်နိုင်သလို များလည်းများနိုင်ပါတယ် ပိုတက်စီယမ်များရင် နှလုံးရုတ်တရက်ရပ်ပြီးသေနိုင်တာမို့ သတိထားရပါတယ်

ပိုတက်စီယမ် ဓာတ်ကြွယ်ဝတဲ့အစားအစာတွေကိုရှောင်ရပါမယ်

 

– ငှက်ပျောသီး
– လိမ္မော်သီး
– အုန်းရည်
– အာလူး
– ကန်စွန်းဥ
– ဖရဲသီး
– ပဲအမျိုးမျိုး
– ဟင်းနုနွယ်ရွက်
– Salmon ငါး(ဆာလမွန်ငါး)
ပိုတက်စီယမ်ပုံမှန်ဆိုရင်တော့ ရှောင်စရာမလိုပါ

အနေအထိုင်

ဆေးလိပ် အရက် ကွမ်း ဘီယာ မူးယစ်ဆေးတွေကိုလုံးဝရှောင်ရပါမယ်
အချိုရည် ဖျော်ရည်ရှောင်ရပါမယ်
မဖျားနာအောင် ဂရုစိုက်ရပါမယ်

ဆေးဝါး

အကိုက်အခဲပျောက်ဆေး
စတီးရွီုက်လို့ခေါ်တဲ့ဆေး
ပိုးသတ်ဆေးအချို့(ပဋိဇီဝဆေး)
ဆီးဆေးတွေကိုမိမိသဘောနဲ့မိမိ အလွန်အကျွံမသောက်ရပါဘူး
ခုမျှဝေခဲ့တဲ့အကြောင်းအရာတွေကတော့ ကျောက်ကပ်အားနည်းတဲ့သူတွေအတွက် ဆောင်ရန်ရှောင်ရန်အချက်တွေပဲဖြစ်ပါတယ်
တစ်ခုထပ်ပြီးပြောချင်တာကတော့

ကျောက်ကပ်အားနည်း တာနဲ့ ကျောက်ကပ်ပျက်စီး တာနဲ့ လုံးဝ လုံးဝ မတူပါဘူးနော်
ကျောက်ကပ်ပျက်စီးတာနဲ့ပတ်သက်ပြီးကျန်းမာရေးဗဟုသုတလေးကိုလည်း ထပ်မံပြီးမျှဝေပေးသွားပါမယ်

ကျောက်ကပ်ရောဂါကင်းဝေကြပါစေကြောင်း ဆန္ဒပြုရင်း…..
ကျွန်တော်တို့တင်ပြပေးထားသည်ဖတ်၍မိဘပြည်သူများအနေဖြင့်
ဗဟုသုတအဖြစ်မှတ်သားစရာတစ်ခုခုကျန်ခဲ့မယ်ဆိုရင် အလွန်ဝမ်းမြောက်မိမှာပါ။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...