ကမ္ဘာ့အလှဆုံးလမ်းတွေထဲက တစ်ခုဖြစ်တဲ့ နော်ဝေနိုင်ငံက အတ္တလန္တိတ်သမုဒ္ဒရာဖြတ်လမ်း (Atlantic Ocean Road)

International News Knowledge
ကမ္ဘာ့အလှဆုံးလမ်းတွေထဲက တစ်ခုဖြစ်တဲ့ နော်ဝေနိုင်ငံက
အတ္တလန္တိတ်သမုဒ္ဒရာဖြတ်လမ်း (Atlantic Ocean Road)

နော်ဝေနိုင်ငံက ကမ္ဘာကျော်လမ်းတစ်ခု (သို့) အတ္တလန္တိတ်သမုဒ္ဒရာဖြတ်လမ်း။
ဒီလမ်းကတော့ အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ပြီး တည်ဆောက်ထားမို့ အတ္တလန္တိတ်သမုဒ္ဒရာဖြတ်လမ်း (Atlantic Ocean Road) လို့ လူသိများကြပါတယ်။
အရှည် ၅.၂ မိုင်ရှိတဲ့ ဒီလမ်းဟာ နော်ဝေးနိုင်ငံ၊ ပင်မကုန်းမြေကနေ Averøy ကျွန်း ၊ Romsdalshalvøya ကျွန်းဆွယ်တို့ကို ဆက်သွယ်ပေးထားတဲ့လမ်း (တံတား) ဖြစ်ပါတယ်။

လမ်းအစအဆုံးမြို့နှစ်မြို့ကတော့ Kristiansund မြို့ နဲ့ Molde မြို့တို့ပဲဖြစ်ပါတယ်။
သမုဒ္ဒရာဖြတ်လမ်းဆိုပေမယ့် သမုဒ္ဒရာရေပြင်ချည်းပဲကို ဖြတ်ပြီးတည်ဆောက်ထားတာမဟုတ်ပဲ နော်ဝေးကမ်းရိုးတန်းအပြင်ဘက် သမုဒ္ဒရာထဲက ကျွန်းပေါင်းများစွာကို ဆက်သွယ်ပြီးတည်ဆောက်ထားတာ ဖြစ်ပါတယ်။

၂ဝ ရာစုအစောပိုင်းတုန်းက ဒီလမ်းကို မီးရထားသံလမ်းတစ်ခုအဖြစ် ဆောက်ဖို့ ရည်ရွယ်ခဲ့ပေမယ့် အဆင်မပြေတဲ့အတွက်ကြောင့် ဆောက်လုပ်ရေးကိုရပ်ဆိုင်းခဲ့ပြီး စွန့်ပစ်လမ်းတစ်ခု ဖြစ်ခဲ့ပါသေးတယ်။
၁၉၇ဝ မှာတော့ လမ်းအဖြစ်ပြန်လည်တည်ဆောက်ဖို့ စီစဉ်မှုတွေ ပြုလုပ်ခဲ့ပြီး ၁၉၈၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှာ စတင်တည်ဆောက်ခဲ့ပါတယ်။
ဒီလိုတည်ဆောက်ခဲ့တဲ့ အတော အတွင်း လုပ်ငန်းခွင်မှာ စုစုပေါင်း ဆိုင်ကလုန်းမုန်တိုင်း ၁၂ ခု တိုက်ခတ်ခြင်းကို ခံခဲ့ရပါတယ်။

လမ်းရဲ့ထူးခြားချက်ကတော့ ပုံမှန်လမ်းတံတားတွေနဲ့ မတူညီပဲ အနိမ့်အမြင့်၊ အကွေ့ အဝိုက်ပေါင်းများစွာကို ထည့်သွင်းတည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။
ဒီလိုတည်ဆောက်ခြင်းအားဖြင့် ပြင်း ထန်တဲ့ ပင်လယ်ရေလှိုင်းတွေရဲ့ ရိုက်ခိုက်မှုဒါဏ်ကို ခံနိုင်ရည်ရှိစေတယ်လို့ သိရပါတယ်။
လမ်းတစ်လျှောက်မှာ စုစုပေါင်း အရှည် ပေ ၃၀၀၀ နီးပါးရှိတဲ့ တံတား ၈ စင်းကို ထည့်သွင်းတည်ဆောက်ထားပါတယ်။

၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့မှာ စတင်ဖွင့်လှစ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
တည်ဆောက်ချိန် ၆ နှစ်နီးပါး ကြာမြင့်ခဲ့ပြီး ကုန်ကျစရိတ်အနေနဲ့ အဲဒီတုန်းက နော်ဝေးငွေ ၁၂၂ သန်း (ဒေါ်လာ ၁၅ သန်းခန့်) ကုန်ကျခဲ့ပါတယ်။
ဒီကုန်ကျစရိတ်ကို ကာမိဖို့အတွက် တံတာလမ်း အခွန်ကို (၁၅)နှစ်ကြာ ကောက်ဖို့ စီစဉ်ထားပေမယ့် ၁၀ နှစ်အကြာ (၁၉၉၉) အထိသာ ကောက်ခဲ့ပြီး နောက်ပိုင်းမှာ ပယ်ဖျက်ခဲ့ပါတယ်။

ဒီလမ်းဟာ ကားနဲ့ဆိုင်တဲ့ ရုပ်ရှင်ကားတွေရိုက်ကူးဖို့အတွက် ကမ္ဘာ့အကောင်းဆုံးလမ်းအဖြစ် သတ်မှတ်ခံခဲ့ရသလို နော်ဝေးလူမျိုးတို့ရဲ့ ရာစုနှစ်အကောင်းဆုံး ဆောက်လုပ်ရေးသင်္ကေတအဖြစ်လည်း သတ်မှတ်ခံထားရတဲ့ လမ်းလည်းဖြစ်ပါတယ်။
ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်တဲ့နေရာတစ်ခုဖြစ်သလို အန္တရာယ်အရှိဆုံးလမ်းတစ်ခုဆိုရင်လည်း မမှားပါဘူး။

အကြောင်းကတော့ ဒီလမ်းရဲ့ တချို့နေရာတွေမှာ ရာသီဥတုအပြောင်း အလဲ မြန်ခြင်း၊ ရုတ်တရက်အပူချိန်ကျဆင်းတတ်ခြင်းနဲ့ ရံဖန်ရံခါ မုန်တိုင်းတွေတိုက်ခတ်လေ့ရှိလို့ပဲ ဖြစ်ပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...