ထုံနာ၊ကျဉ်နာ၊လေဖြတ်၊လေဖြန်း၊ပါးရွဲ့၊လက်ကပ်၊သွေးလေမလျှောက်၊ အညောင်းအကိုက်များအတွက် အံ့ဖွယ်လိမ်းဆေးတစ်လက်

Health Knowledge
ထုံနာ၊ကျဉ်နာ၊လေဖြတ်၊လေဖြန်း၊ပါးရွဲ့၊လက်ကပ်၊သွေးလေမလျှောက်၊
အညောင်းအကိုက်များအတွက် အံ့ဖွယ်လိမ်းဆေးတစ်လက်

စာကျက်၊ စာပြန်၊ စာရေး၊ စာဖတ်၊ စာကြည့်ဆိုသော နေ့စဉ်လုပ်ငန်းကိစ္စများအပြင် ရုံးကိစ္စပါတွဲဖက်လာသောအခါ သွားလာလှုပ်ရှားမှု သိသိသာသာနည်းလာသည်။
အားလပ်ရက် အချိန်လေးရှာပြီး ကိုယ်လက်လေ့ကျင့်ခန်းလေး လုပ်သင့်တယ်လို့ စိတ်က သိထားပေမယ့် တစ်ခါတစ်ခါ ရုံးအားရက်လေးက စာရေးလို့ ပိုကောင်းနေ၍ ပိုညောင်းရပြန်လေသည်။

စာရေးသူ၏ ဘကြီးတော်စပ်သော ရမည်းသင်းမြို့နယ်၊ ပေါက်တောရွာ၊ ပေါက်တောကျောင်းဆရာတော်ထံသို့ ဖူးမြော်ကန်တော့ရန် ရောက်ရှိစဉ် ထိုအညောင်းအကိုက်အကြောင်းကို လျှောက်ထားခဲ့မိသည်။

“အေးတဲ့ရာသီတွေမှာ ကိုက်ခဲတတ်တဲ့အအေးကြောင့်ဖြစ်တဲ့ အညောင်းအကိုက်ဆိုရင်တော့ ဒီပုလင်းထဲက ဆေးကို လိမ်းကြည့်၊သိသာသွားမယ်။

စာရေးသူသည် ဆရာတော်၏ အမိန့်အတိုင်း လိမ်းကြည့်ရာ
ပူရှိမ်းရှိမ်းနှင့် အကြောအခြင်များ ပျော့ပျောင်းသွားသော အရသာကို ခံစားလိုက်ရသဖြင့် ဆေးနည်းကို မေးလျှောက်ထားမိသည်။

မိဿလင်၊ ချင်း(ဂျင်း)တို့ကို အမျှစီစု၊ ညက်အောင်ထောင်း၍
အရက်ဦးရည် (အရက်မီးတောက်)နှင့် ပုလင်းတွင် စိမ်ထားရန် ဖြစ်သည်။ကြာလေ ကောင်းလေ ဖြစ်သော အညောင်းအကိုက်ပျောက် လိမ်းဆေးတစ်လက်ကို ရပါပြီ။
ထုံနာ၊ကျဉ်နာ၊သွေးလေ မလျှောက်၊ လေဖြတ်၊လေဖြန်း၊ပါးရွဲ့၊ လက်ကပ်စသော ရောဂါများအတွက်လည်း ပုံမှန်လိမ်းပေးပါက သက်သာပျောက်ကင်းစေပါသည်။

ကျန်းမာချမ်းသာကြပါစေ

Credit to original Uploader

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...