လူတိုင်း စိတ်ဝင်စားနေကြတဲ့ အင်းတော်ကြီး ဘုရားထီးပေါ် မြွေတက်နိမိတ်နဲ့ ဖြစ်ပေါ်လာနိုင်တဲ့ အကြောင်းအရာများ

Knowledge Local News
လူတိုင်း စိတ်ဝင်စားနေကြတဲ့ အင်းတော်ကြီး ဘုရားထီးပေါ်
မြွေတက်နိမိတ်နဲ့ ဖြစ်ပေါ်လာနိုင်တဲ့ အကြောင်းအရာများ

၁၁.၁၀.၂၀၂၄ သောကြာနေ့ က ဖြစ်ပါတယ် ။ စကိုင်းတိုင်း အထက်ပိုင်းရှိတန်ခိုးကြီးစေတီ တော်မြတ်တွင် ထူးခြား သော နိမိတ်ဖြစ်စဉ် တခု ဖြစ်ပေါ်ခဲ့ ပါတယ်။
အင်းတော်ကြီးရေလည်တွင် ဘုရားရှင်၏ ဗျာဒိတ်တော်အ ရ ပွင့်ထွန်းပေါ်ပေါက်လာသော ရွှေမဉ္ဇူဇူစေတီတော်၏ အရံစေ တီတော်တဆူ၏ ထီးတော်ပေါ် တွင် မြွေကြီးတကောင်တက်ကာ ရစ်ခွေနေသော ဖြစ်ရပ် ဆန်းတ ခု ပင်ဖြစ်ပါတယ်

အတိတ်သမိုင်းများတွင် အင်း တော်ကြီးမပေါ်ပေါက်မီအချိန် အခါက ဘောဂဝတီနဂါးပြည် မှ နဂါးမင်းသားညီနောင်နှစ်ပါး တို့ ဧရာဝတီမြစ်သို့ ဆန်တက် ကာ နယ်မြေချဲ့ထွင်ကြရာ ညီနဂါးမင်းသားသည် ညီညာပြန့် ပြူးသာယာသည့် နေရာတခုတွင် “စည်ခမ်း” အမည်ရှိ မြို့ကြီးတစ်ခုကိုတွေ့ လိုက်ရာ နဂါးမင်းသားလည်း ထိုနေရာကိုသဘောကျသဖြင့် နယ်ရှင်များထံခွင့်တောင်းရာ အင်းဖွဲ့ခွင့်ရခဲ့ပါတယ်။ အင်းဖွဲ့လိုက်ပါက မြို့နေလူများ ကွယ်လွန်ကုန်မည်စိုးသဖြင့် နဂါးမင်းသားလည်း နတ်မြင်းစီးပြီး ကောင်းကင်းမှ “အို စည်းခမ်းပြည်သားတို့ နောက် ၇ ရက်တွင်ဤမြို့ကြီး အားအင်းဖွဲ့မည်၊ ဝေးရာရှောင် ရှားကြလော့” ဟုခုနှစ်ရက်တိုင်တိုင်ကြွေးကြော် သတိပေးခဲ့ပါတယ်။

ထိုအချိန်တွင် စည်ခမ်းပြည်ရှိလူများသည် မိမိ ကုသိုလ်ကောင်းမှုပြုလုပ်ခြင်း မရှိကြ၊အကုသိုလ်ဖုံးလွှမ်းနေ သဖြင့် နဂါးမင်းသားကြွေးကြော် သံကို မကြားရချေ။ မုဆိုးမတစ်ယောက်နှင့်ဆွေမျိုး သားသမီးများသာ ဘေးလွှတ်ရာ ထွက်ခွာလွတ်မြောက်ခဲ့ကြပြီး ခုနှစ်ရက်ပြည့်သော် နဂါးမင်းသား သည် နဂါးတို့တန်ခိုးဖြင့်ကြီးစွာသော လေမိုးတို့ကိုရွာစေ၍ စည်ခမ်းမြို့ကြီး အားအင်းဖွဲ့လိုက်ရာ မှ အစပြုကာ အင်းတော်ကြီးအဖြစ်သို့ရောက်ရှိ လာရခြင်းဖြစ်ပါတယ်။

ထိုသို့သမိုင်းနောက်ခံရှိသော အင်း တော်ကြီးရဲ့ ရေလည် စေတီထီးတော်ပေါ် မြွေကြီး တကောင်တက် ခွေနေခြင်းက မြွေ ဆိုသည့်မှာလည်း “နဂါးမျိုးနွယ်” ထဲတွင် ပါဝင်သော သတ္တဝါဖြစ်နေခြင်း၊ မြွေသည် စနေနံ အလားတူ၊ ထီးတော်သည်လည်း စနေနံ ပင်မဟုတ်ပါလား။ ကောင်းနိမိတ်လား ၊ ဆိုးနိမိတ်များလား ဝေခွဲ ကြည့်ပါက ထီး စနေမှာ ဣဌ မွန်မြတ်၏၊ မြွေ စနေမှာ အနိဌ နိမ့်ကျသော သဘောရှိ၏။ ဣဌ ဟူသော မွန်မြတ်သော ထီးတော်ပေါ်တွင် အနိဌမည်သော နိမ့်ကျသော တိရိစ္ဆာန်မျိုးနွှယ် တက်ရောက်ရစ်ခွေခြင်းက ဆန်းပျက်၍ နိမိတ်ကောင်းမဖြစ်နိူင် ပေ။ အလားတူ မြွေ တက်သော (၁၁)ရက် အောက်တိုဘာသည် လအနီးတွင် ဖောက်ပြန် သွားလာနေသောစနေဂြိုဟ် ကပ်၍ ယှဉ်နေခြင်းကနိမိတ်ကောင်း မဖြစ်နိူင်ပေ။

စေတီထီးတော်ပေါ် တက်ခွေနေသော မြွေမျိုးမှာ ပွိုင်စင် မရှိသော်လည်း ဝါးမျိုတတ်သော စပါးကြီး ၊ စပါးအုံးမြွေမျိုးဖြစ်နေခြင်းက၊ အင်းတော်ကြီးဘုရား သည် ကချင်ပြည်နယ်၏ အထင်ကရ တန်ခိုးကြီး စေတီတော် စစ်ကိုင်းတိုင်းတွင်လည်း ပါဝင်နေခြင်းက အင်းတော်ကြီး အနီး မြို့ရွာများနှင့် ကချင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်း အတွင်း သက်ရောက်လာမယ့်နိမိတ် ပင်ဖြစ်နိူင်ခြေရှိပြီး မြန်မာတစ်နိူင်ငံလုံးနှင့်သက်ဆိုင်သောနိမိတ်မ ဟုတ်ကြောင်းလေ့လာမိပါတယ်။

ပိုမိုသတိပြုရမည့်မြို့ရွာအမည် များမှာ မြွေ = မ အက္ခရာ၊ ထီး = ထ အက္ခရာ ထီးတော်၊ အင်းတော် ဖြစ်ပြန်၍ ( တ) အက္ခရာ မ၊ ထ၊ တ အစအလုံးသို့မဟုတ် အဆုံး အလုံးမြို့ရွာ အမည် များဖြစ် ပါတယ်။ မြွေသည် စနေ (၇) ဂဏန်း၊ ထီး သည် စနေ (၇) ဂဏန်းသာဖြစ် နေ၍ ထိုနိမိတ်၏ အကျိုးပြစ်သည် (၇) လ အတွင်း ဖြစ်သော (၁၁.၁၀.၂၀၂၄ မှ ၁၁.၅.၂၀၂၅) အတွင်း ဖြစ်စေ၊ ကောဇာ စနေဂြိုဟ် ဖောက်ပြန် ဝကြ သွားနေသည့် (၁၁.၁၀.၂၀၂၄ မှ ၁၅. ၁၁ . ၂၀၂၄) အတွင်း (၂၆) ရက်တာ အနီးကပ်ဆုံး ကာလအတွင်းဖြစ်စေ သဘာဝဘေး နှင့် စ-စ်မက်ဘေးများ အရှိန်မြင့်တက်ကာကျရောက်လာ ဖွယ်ရှိကြောင်း သတိပေးလိုပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...