ကမ္ဘာ့အထူးဆန်းဆုံး ရထားအဖြစ် မှတ်တမ်းဝင်သွားနိုင်တဲ့ မြန်မာပြည်က သံလှေကား ရထားသစ်ကြီး

Local News
ကမ္ဘာ့အထူးဆန်းဆုံး ရထားအဖြစ် မှတ်တမ်းဝင်သွားနိုင်တဲ့
မြန်မာပြည်က သံလှေကား ရထားသစ်ကြီး

လတ်တလော လူပြောများနေတဲ့သတင်းကတော့ စပိန်နိုင်ငံကနေ ရောက်လာပြီး စတင်ပြေးဆွဲနေတဲ့ ရထားသစ်ကြီး အကြောင်းပဲ ဖြစ်ပါတယ်။ ရထားအသစ်ကြီးက ကမ္ဘာ့အဆင့်မီပြီး အဲကွန်းတွေနဲ့ သစ်လွင်တောက်ပနေပေမယ့်လည်း ရထားပေါ် အတက်အဆင်း လုပ်ရင်တော့ သုံးဆင့် သံလှေကားတခု တံခါးနားထားပေးမှသာ အဆင်ပြေမှာ ဖြစ်ပါတယ်။

ယခင်ချိန် စပိန်နိုင်ငံကနေ ရထားများ မှာယူစဉ်ကတည်းက ဘူတာများကို အဆင့်မြှင့်ဖို့ စီမံကိန်း ရှိခဲ့ပေမယ့်လည်း ယခုအချိန်မှာတော့ ဘာမှ ဖြစ်မလာဘဲ ရုပ်ပျက်ဆင်းပျက်နဲ့ သံလှေကား ခုနေရတဲ့ အခြေအနေကို ရောက်နေပြီပဲ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အခုလို ရထားမျိုးကို သံလှေကားခုရတယ်ဆိုတဲ့ အဖြစ်အပျက်ဟာ ရွှေပြည်ကြီးမှာပဲ ရှိနိုင်တာ ဖြစ်ပါတယ်။ အဲဒါကြောင့် ကမ္ဘာ့အထူးဆန်းဆုံး ရထားအဖြစ်နဲ့ မှတ်တမ်းဝင်သွားနိုင်တဲ့ အခြေအနေ ရှိပါတယ်။

ရထားနဲ့ စင်္ကြန်နဲ့ မကိုက်လို့ ဒီလို သံလှေကားတွေ လုပ်ရတော့ စရိတ်ပိုကုန်တဲ့အပြင် သံလှေကားတွေကို သယ်ရရွှေ့ရဖို့ လူအင်အားကုန်ပါတယ်။ တခုခုလုပ်ပြီဆို အပြကောင်းရုံပဲ လုပ်ပြီး အဆုံးမသ-တ်တတ်တာ ရွှေပြည်ကြီးရဲ့ ထုံးစံပါပဲ။

အခုလို ပြောလို့ ရထားဘူတာတွေကို မဖြစ်မနေ အဆင့်မြှင့်ရမယ်ဆိုပြီး တင်ဒါ ခေါ်လိုက်ပြန်ရင်လည်း လူကြီးတွေနဲ့ သိတဲ့ ကန်ထရိုက်တာကြီးတွေ ပိုချမ်းသာသွားပြီး ဗို-က်ပူအင်ဂျင်နီယာကြီးတွေ ပိုပူလာပါဦးမယ်။ စီမံကိန်းစီမံခန့်ခွဲမှု ဆိုတာကို သင်ကြားခဲ့ရပေမယ့်လည်း အပြကောင်းရင် ပြီးပြီဆိုတဲ့ အယူအဆတွေကြောင့် ဒီလို “အမြင်မတော် ဆင်တော်နဲ့ ခလောက်” အဖြစ်မျိုး ကြုံနေရဦးမှာပါပဲ။ ရထားသစ်ကြီးလည်း ညံ့ဖျင်းတဲ့ ထိန်းသိမ်းမှုတွေကြောင့် အချိန်မတိုင်ခင် ပျက်စီးမသွားပါစေနဲ့လို့ ဆုတောင်း ပေးလိုက်ပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...