စျေးထဲမှာ ရောင်းနေတဲ့ ပဲ‌ေ-သွးတွေကို ပဲနဲ့ လုပ်တယ်လို့ အခုထိ ထင်နေကြတုန်းပဲလား

Knowledge Local News
စျေးထဲမှာ ရောင်းနေတဲ့ ပဲ‌ေ-သွးတွေကို ပဲနဲ့ လုပ်တယ်လို့
အခုထိ ထင်နေကြတုန်းပဲလား

(ပဲ‌ေ-သွးလုပ်တဲ့သူတွေ ဘယ်တော့မှ မပြောတဲ့ ပါဝင်ပစ္စည်းအကြောင်း)

ပဲ‌ေ-သွးကို ဘာနဲ့လုပ်တာလဲ သိချင်ပါတယ်၊ တကယ် တိရစ္ဆာန်‌ေ-သွးနှင့် လုပ်တာလား၊ ပဲနှင့်လုပ်တာလာ မသိပဲစားကြတဲ့သူတွေ အများကြီးပါ။ အဆိုပါမေးခွန်းနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ ဖြေထားတဲ့ အဖြေတွေကို စုပေါင်း ဖော်ပြပေးလိုက်ပါတယ်-

အဖြေ (၁) – အများဆုံးက တိရစ္ဆာန် ‌ေ-သွးပါ။ အနည်းစု ဖြေကြတာ ပဲနှင့်လုပ်တာပါ။

အဖြေ (၂) – အမဲ‌ေ-သွးနဲ့လုပ်တာပါ။ သူတပါးစီးပွားကို ကျမအသေးစိတ်မပြောပြချင်ပါ။ ကျမ မလုပ်ဖူးပေမဲ့ သေချာမေးမြန်းဖူးပါတယ်။ အမဲရုံမှာ တချို့ရက် အလုပ်နားတဲ့နေ့မှာ ပဲ‌ေ-သွးမရပါဘူးတဲ့။

အဖြေ (၃) – အမဲ‌ေ-သွးပါ ညီမရေ အမတို့က လုပ်တဲ့လူဆီကတိုက်ရိုက်ယူတယ်။ တနေ့ အတုံး ၄ ထောင်လောက်ရောင်းနေတဲ့ဆိုင်ပါ။ အမကတော့ပြောရောင်းပါတယ်။ အမဲ‌ေ-သွးနဲ့ လုပ်ထားတာပါလို့၊ အမဲမစားရင် ပဲ‌ေ-သွးမစားပါနဲ့။ ဒီပြင်စားစရာတွေ အများကြီးပါ။ သူကတော့ကျိန်းသေပေါက် အမဲ‌ေ-သွးနဲ့ လုပ်တာပါ။

အဖြေ (၄) – စျေးသက်သာရင် ပဲနဲ့ စျေးကြီးရင် ‌ေ-သွးနဲ့လို့ထင်တယ်။ ကြက်‌ေ-သွးခဲအစစ်တော့ ဝယ်ချက်ဖူးတယ်။ ဒီလို လှလှပပပျော့အိအိလေးမဟုတ်ဘူး။ အမဲ‌ေ-သွးကို ရေများများရယ် ဆေးတမျိုးရယ်နဲ့‌ရောပြီး ခဲ‌အောင်လုပ်ထားတာပါ။ အမဲ‌ေ-သွးနဲ့လုပ်တာပါနော်။ ဆိုင်မှာရောင်းပါတယ်။ ဒါပေမယ့်ပြောရောင်းတာပါ။ အမဲ‌ေ-သွးလို့ပြောရောင်းပါတယ်။ ပဲ‌ေ-သွးလို့ပဲ ခေါ်ကြပါတယ်။ အဲကိစ္စက လိုင်းပေါ်မှာ အမြဲမေး ပဲ‌ေ-သွးလို့တာပြော တကယ်ကအမဲ‌ေ-သွး။ ကျမ ပဲပင်ပေါက် ပဲပြား ပဲ‌ေ-သွးရောင်းသူပါ။ ထပ်ခါထပ်ခါလဲရှင်းပြပြီးပြီ။ အမဲ‌ေ-သွး၊ ကျွဲ‌ေ-သွးကိုလုပ်တာပါ။

အဖြေ (၅) – ပဲ‌ေ-သွး ဟု ဈေးထဲမှာရောင်းနေသော ပစ္စည်းများမှာ ပဲ‌ေ-သွးလဲမဟုတ်၊ ဘဲ‌ေ-သွးလဲမဟုတ်၊ အမဲ‌ေ-သွးသာ ဖြစ်ပါတယ်။ အများစုမှာ အမဲ‌ေ-သွးကို ဆားနဲ့ ရေနဲ့ရောပြီးပြုတ် ပြီးရင် ကြာရှည်ခံအောင် လူသေတွေမှာသုံးတဲ့ ဖော်မလင်ကို ထည့်ထားကြတာ ဖြစ်ပါတယ်။ တချို့က သတ်သတ်လွတ်ဆိုပီး ပဲ‌ေ-သွးကို စားမိတတ်ကြသလို၊ အမဲသားမစားဘူးဆိုပြီးတော့လည်း ပဲ‌ေ-သွးကို စားမိတတ်ကြပါတယ်။ မုန့်ဟင်းခါး အုန်းနို့ခေါက်ဆွဲများတွင်လဲ ထည့်စားတတ်ကြပါတယ်။

အဖြေ (၆) – ကျမတို့အိမ်နားမှာ အရင်က လုပ်ကြတာ အမဲ‌ေ-သွးအပျစ်ကို နည်းနည်းခတ် ဆားနဲ့ရေနဲ့ရောပြီး ဆီသုတ်ထားတဲ့ ပုံစံခွက်ထဲထည့် ၂ မိနစ်လောက်ဆိုခဲရော၊ အဲဒါကို ရေနွေးပွက်ပွက်ဆူထဲထည့် ပေါ်လာရင် ဆယ်ပြီးရေအေးထဲ ထည့် ပြန်ရောင်းတာပါ။ ပဲနဲ့ လုပ်တာ တခါမှမတွေ့ဖူးဘူး။ ကြာတော့ကြာပြီ တခါတော့ဖတ်မိဖူးတယ်။ အမဲ‌ေ-သွးချည်းပဲလုပ်လို့မရဘူး။ ‌ေ-သွးသဘာဝက ခဲပြီးမာသွားတတ်တော့ မမာအောင် ပဲတမျိုးကို ကြိမ်ပြီးရောထည့်ရတယ်တဲ့။ ပဲချည်းပဲ မဟုက်သလို အမဲ‌ေ-သွးချည်းပဲလဲမဟုက်ပါဘူး။

အဖြေ (၇) – အရင်က ကျွန်မတို့ ပျဉ်းမနားမြို့လေးမှာ ပဲ‌ေ-သွးဆိုတာမရှိခဲ့ဘူး။ နေပြည်တော်ဖြစ်ခါစက ဈေးသည်တချို့မှာ ပဲ‌ေ-သွးဆိုတာ ရောင်းလာကြတယ်။ ပဲ‌ေ-သွးဆိုတော့ ပဲနီကြားနဲ့လုပ်တယ်ပေါ့လေ။ ကိုယ့်အတွေး။ မကြာခဏဆိုသလိုစားဖြစ်တယ်။ တနေ့တော့ အမျိုးသားက ရပ်ကွက်ထဲက အိမ်တအိမ်ကို အလုပ်ကိစ္စနဲ့ရောက်တော့ သူ့ကပ်ရက်အိမ်ကအညှီနံ့တွေနဲ့။ ပုံးတွေဆိုတာ ယင်တွေတလောင်းလောင်းနဲ့။ အဲဒါ ဘာတွေလဲဆို မေးတော့မှ ပဲ‌ေ-သွးလုပ်တာတဲ့။ ရသမျှ‌ေ-သွးပေါင်းစုံရောလုပ်တာတဲ့ ဈေးမှာဖြန့်တာတဲ့။ အဲဒီချိန်ထဲက လုံးဝမစားဖြစ်တော့တာ။

အဖြေ (၈) – အစစ်ဆိုရင်တော့ ပဲနဲ့ လုပ်ပြီး တုတ်ထိုးဆိုင်အများစုက အမဲ‌ေ-သွးပါ။ ပဲပင်ပေါက် ပဲပြားဆိုင်က ဟာတွေက အမဲ‌ေ-သွးတွေပါ။ ငယ်ငယ်က ဘေးအိမိမှာ အမဲ‌ေ-သွးလုပ်တာပါ ကိုယ်တွေ့ မျက်စိနှလုံးနဲမြင်မှာကိုယ်ကတော့ စားပါတယ်။ ပဲ‌ေ-သွးလို့ ဆိုရအောင် ဘယ်ပဲကများ ‌ေ-သွးထွက်လို့တုန်း။ ပဲပိစပ် သို့မဟုတ် ပဲကတ္တီပါ တချို့ကလည်း ဘဲ‌ေ-သွးနဲ့ လုပ်တယ်။ပဲကတ္တီပါနဲ့လုပ်တာဆို အနံ့ခံကြည့် မညှီဘူး။ ပဲနဲ့လုပ်တဲ့ထဲကို အမဲ‌ေ-သွးလေး နည်းနည်းထည့်ရတယ်တဲ့။ ပဲက ထွက်တဲ့‌ေ-သွး ဆိုတာ မရှိတာတော့ လူတိုင်းသိကြတာပေါ့။

အဖြေ (၉) – ပဲ‌ေ-သွးလို့ခေါ်တာ အနီရောင်‌ေ-သွးရောင်နဲ့တူလို့ တင်စားပြီးခေါ်ကြတာလေ။ ပဲအနီရောင်နဲ့ လုပ်တဲ့ ပဲပြားမို့လို့ ပဲ‌ေ-သွးလို့ခေါ်ကြတာ၊ မစားသင့်ဘူး ဆိုတာကတော့ ဖော်မလင်များလို့ဘဲ။ ပဲတမျိုးက ထုတ်တယ်လို့ လေ့လာဖူးပါတယ်။ ဒါပေမယ့်အချို့က တာရှည်ခံမပုပ်မသိုးစေသော ဖော်မလင်တွေထည့်လုပ်ကြပါတယ်။ စစ်ဆေးတွေ့ရှိနေသော်လည်း လုပ်ငန်းများ ဆက်လက်လည်ပတ်ထုတ်လုပ် နေဆဲပါ။ ဓါတုဗေဒဆိုးဆေးပါဝင်မှုလည်းရှိပါတယ်။ ပဲပြားကတော့ပါဝင်မှု ပဲ‌ေ-သွးထက်လျော့တယ်လို့သိရပါတယ်။ ပဲပြားလည်းဖော်မလင်ပါတာတွေ စစ်ဆေးတွေ့ရှိခဲ့တဲ့ မှတ်တမ်းတွေရှိပါတယ်။ ဒါပေမယ့် ရောင်းကောင်းဆဲထုတ်လုပ်ဆဲပါပဲ။

အဖြေ (၁၀) – သက်သက်လွတ်သမားတွေ ပဲ‌ေ-သွးစားကြတာ တွေ့ရတယ်၊ ဒီလောက်များပြားတဲ့ ပမာဏ ထုတ်လုပ်ဖို့ဆိုရင် ပေါပေါရတဲ့ ပဲနဲ့ဖန်တီးမှ ဒီစျေးနဲ့ ရောင်းနိုင်မှာပါ။ အဲဒီတော့ ဖြစ်နိုင်တာက ဒီတုန်ချိချိ ပဲ‌ေ-သွးသည် ပဲကိုလုပ်တဲ့ ပဲ‌ေ-သွး၊ ဘဲ‌ေ-သွး အစစ်နော်ဆိုတဲ့ စျေးကြီးတာတွေက ‌ေ-သွးတော့ ‌ေ-သွးဘဲ၊ ဒါပေမယ့် များများရတဲ့ အမဲ‌ေ-သွး

အဖြေ (၁၁) – ပဲ‌ေ-သွး အစစ်လုပ်နည်းကတော့ ၁။ ပဲလွန်း သို့မဟုတ် ပဲကတ္တီပါကို မှုန့်နေအောင်ကြိတ်ပါ။ ၂။ ပုန်းရည်ကြီးချက်သလို ပွက်ပွက်ဆူအောင်ကြိုပါ။ ၃။ ပြီးလျှင် ခေတ္တအအေးခံပြီး ထိုဗန်းကိုအောက်မှ အေးအောင်ရေစိမ်ပါ။ ၄။ အေးလောက်လျှင် ရေအေးထဲသို့ ပြောင်းထည့်လိုက်ပါ။ ရပါပြီ။ ပဲ‌ေ-သွးစစ် မစစ် ဒါးလေးနဲ့လှီးပြီး နမ်းကြည့် ပဲ‌ေ-သွးဆို ပဲနံ့၊ တခြား‌ေ-သွးခဲဆိုရင် ညှီဟောက်ပြီး တခါတလေပုတ်စော်တောင်နံတယ်။ ပဲ‌ေ-သွးကို ဘဲ‌ေ-သွးဆိုပြီးကြားကြတာ များပါတယ်။ ပဲ‌ေ-သွးကို ပဲကတ္တီပါနဲ့လုပ်တာပါ။ မာတောင့်နေရင် အမဲ‌ေ-သွးရောတတ်တယ်။ အိအိစက်စက်လေးတွေက ပဲ‌ေ-သွးစစ်တယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...