ဒါနာ မုန်တိုင်း မြန်မာကို ဝင်ရောက် တိုက်ခတ်မှာမဟုတ်ပေမဲ့ ၂ ရက်ဆက်တိုက် မိုးများမယ်လို့ဆို

Local News
ဒါနာ မုန်တိုင်း မြန်မာကို ဝင်ရောက် တိုက်ခတ်မှာမဟုတ်ပေမဲ့
၂ ရက်ဆက်တိုက် မိုးများမယ်လို့ဆို

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း “ဒါနာ” ဟာ မြန်မာနိုင်ငံဘက်ကို ဦးမတည်တော့ပေမဲ့ မုန်တိုင်းအရှိန်ကြောင့် ရန်ကုန်၊ မန္တလေးနဲ့ ဧရာဝတီအပါအဝင် တိုင်းဒေသကြီး ၅ ခုထက်မနည်းနဲ့ ပြည်နယ်တချို့တို့မှာ မိုးကြီးနိုင်တယ်လို့ မိုလေဝသဌာနက‌ ပြောပါတယ်။

မုန်တိုင်းအရှိန်ကြောင့် အောက်တိုဘာ ၂၃ ရက် ညပိုင်းကနေ မနက်ဖြန် အောက်တိုဘာလ ၂၄ ရက်အထိ မိုးကြီးနိုင်တယ်လို့ မိုး‌လေဝသဌာနက ပြီးခဲ့တဲ့ မိနစ်ပိုင်းက သတင်းထုတ်ပြန်ပါတယ်။

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်မိုးကြီးပြီး လေပြင်းတိုက်ခတ်တာတွေဖြစ်နိုင်တယ်လို့ မိုးဇလက ပြောထားပါတယ်။

မိုးလေဝသလေ့လာသူ ဦးဝင်းနိုင်ကတော့ အောက်တိုဘာ ၂၃ ရက်နဲ့ ၂၄ ရက်တို့မှာ မိုးသည်းထန်မှုအများဆုံးဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပြီး ကချင်ပြည်နယ်မှာ မိုးရေချိန် ၂ လက်မ နီးပါးအထိရှိနိုင်တယ်လို့ ဆိုထားပါတယ်။

မိုးကြီးတာနဲ့အတူ လျှပ်တပြက်ရေကြီးခြင်းနဲ့အတူ မြေပြိုတာ၊ လေပြင်းတိုက်ခတ်တာနဲ့ မိုးသီးကြွေတာ စတဲ့ သဘာဝဘေးအန္တရာယ်လည်းရှိလာနိုင်တာကြောင့်ကုန်းမြင့်ဒေသမှာနေထိုင်သူတွေနဲ့ မြစ်ငယ်၊ ချောင်းငယ်အနီးမှာ‌ နေထိုင်တဲ့သူတွေလည်း ကြိုတင်ရှောင်ရှားကြဖို့ မိုးဇလက သတိပေးထားပါတယ်။

အပူပိုင်း ဆိုင်ကလုန်း မုန်တိုင်း ဒါနာဟာ အိန္ဒိယနိုင်ငံ၊ သြရိသပြည်နယ် ကမ်း‌ခြေ ကုန်းတွင်းပိုင်း ‌ကြာသပတေး‌‌နေ့ ညပိုင်းမှာ ဝင်ရောက်နိုင်ခြေရှိတယ်လို့ ခန့်မှန်းထားတာ‌ေကြောင့် လူပေါင်း ၁ သန်း‌ကျော် အတွက် အရေးပေါ် ကူညီကယ်ဆယ်ရေးကို အိန္ဒိယအစိုးရက ပြင်ဆင်နေပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...