နှစ်ပေါင်း ၈၀,၀၀၀ ကြာမှ တစ်ကြိမ်တွေ့ရသော ကြယ်တံခွန်ကို မြန်မာပြည်မှ မြင်နေရပြီ

Local News
နှစ်ပေါင်း ၈၀,၀၀၀ ကြာမှ တစ်ကြိမ်တွေ့ရသော ကြယ်တံခွန်ကို မြန်မာပြည်မှ မြင်နေရပြီ

နှစ်ပေါင်း ၈၀,၀၀၀ ကြာမှသာ တစ်ကြိမ် နေကို လှည့်ပတ်နေသည့် အလင်းလက်ဆုံးကြယ်တံခွန်တခုကို အောက်တိုဘာ ၁၂ ရက်မှ စတင်ကာ သာမန်မျက်စိဖြင့် မြင်တွေ့နေရပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါကြယ်တံခွန်သည် နေအဖွဲ့အစည်းအစွန်ဘက်ရှိ Oort Cloud ရှိရာနေရာမှ နေအဖွဲ့အစည်းအတွင်း လှည့်ပတ်နေသည့် ကြယ်တံခွန်အမျိုးအစားတခုဖြစ်ပြီး Comet C/2023 A3 (Tsuchinshan–ATLAS) ဟု အမည်ပေးထားသည်။

ကြယ်တံခွန်ကို နေဝင်ပြီးစအချိန် အနောက်အရပ်သို့ ကြည့်ပါက သာမန်မျက်စိနှင့်လည်း မြင်ရမည်ဖြစ်သည်။ မြောက်ပိုင်းကြယ် တဖြစ်လဲ ဓူဝံကြယ်နီးပါး လင်းလက်စွာဖြင့် ဝင်ရိုးစွန်းဒေသ အလင်းတန်းများအကြား ဖြတ်သန်းသွားမည်ကို မြင်တွေ့ရမည် ဖြစ်သည်။

အောက်တိုဘာ ၂၀ ရက်နောက်ပိုင်းတွင် တွေ့ရတော့မည်မဟုတ်ဘဲ နောက်ထပ်တကြိမ် မြင်တွေ့နိုင်ရန် နှစ်ပေါင်း ၈၀,၀၀၀ ကြာမြင့်မည်ဖြစ်သဖြင့် ကြယ်တံခွန်ကို မြင်နိုင်မည့် နောက်ဆုံးအခွင့်အရေးဖြစ်သည်ဟု သိရသည်။

ယခုကြယ်တံခွန်အား မြန်မာပြည်မှ မြင်တွေ့နိုင်မည်ဖြစ်သော်လည်း အောက်တိုဘာသည် မြန်မာပြည်မှာ မိုးတွင်းကာလဖြစ်သဖြင့် တွေ့မြင်ဖို့ အနည်းငယ် အခက်အခဲ ရှိနိုင်သည်။ တိမ်ကင်းစင်ပါက နေဝင်ပြီးပြီးချင်း အနောက်အရပ်သို့ ကြည့်လျှင် မြင်နိုင်သည်ဟု သိရသည်။ နေအလင်းရောင်နည်းသည့် နေရာမှ စောင့်ကြည့်မှသာလျှင် မြင်တွေ့နိုင်ခြေ အခွင့်အရေး ပိုများမည် ဖြစ်သည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...