လပြည့်နေ့မှာ မှတ်ပုံတင်ယူပြီး ရွှေတိဂုံဘုရား လာဖူးသူတွေ ကြုံတွေ့ခဲ့ရတဲ့ ခြောက်ခြားစရာ အဖြစ်အပျက်

Local News
လပြည့်နေ့မှာ မှတ်ပုံတင်ယူပြီး ရွှေတိဂုံဘုရား လာဖူးသူတွေ
ကြုံတွေ့ခဲ့ရတဲ့ ခြောက်ခြားစရာ အဖြစ်အပျက်

လပြည့်နေ့မှာ မှတ်ပုံတင်ယူပြီး ရွှေတိဂုံဘုရား လာဖူးသူတွေ ကြုံတွေ့ခဲ့ရတဲ့ ခြောက်ခြားစရာ အဖြစ်အပျက် (ဂေါပကမှာ တာဝန်အပြည့် ရှိပါတယ်)

ဒီနေ့ သီတင်းကျွတ်လပြည့်နေ့မှာ ရွှေတိဂုံဘုရားကို လူပေါင်း သောင်းနဲ့ချီပြီး လာရောက် ဖူးမျှော်ခဲ့ကြပါတယ်။ ရွှေတိဂုံဘုရား ကုန်းတော်ပေါ်ကို တက်ရောက်တဲ့ စက်လှေကားမှာ မတော်တဆ ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒ-ဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်ကတော့ ရပ်နေတဲ့ စက်လှေကားဟာ လူအများ ရှိနေစဉ်မှာ ရုတ်တရက် လည်ပတ်လာတာကြောင့် စက်လှေကား ပေါ်မှာရှိတဲ့သူတွေ အကုန် လဲကျကုန်တယ်လို့သိရပါတယ်။ ကလေးတယောက်လည်း ထိခိုက်သွားတယ်လို့ သိရပါတယ်။ မေ့လဲတဲ့သူတွေရှိတယ်လို့လည်း သိရပါတယ်။ အဆိုပါ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဂေါပကအဖွဲ့က သတင်းမှောင်ချထားတယ်လို့ သိရပါတယ်။

ဘုရားဖူးသူတွေ လုံခြုံပြီး အန္တရာယ်ကင်းဖို့အတွက် ဂေါပကအဖွဲ့က ၁၀၀ ရာခိုင်နှုန်း တာဝန်ရှိပါတယ်။ ယခုလို အခါကြီး ရက်ကြီး လပြည့်နေ့မှာ အလှူငွေ ရဖို့ပဲ စိတ်ထဲ မထားဘဲ ဘုရားဖူးတွေ အန္တရာယ်ကင်းစေဖို့ ပြုပြင်ထိန်းသိမ်းရေးတွေ ကြိုတင်လုပ်ဆောင်ထားသင့်တယ်လို့ ဘုရားဖူးပြည်သူတဦးက မှတ်ချက်ပေးသွားပါတယ်။ ဘယ်နေရာသွားသွား အန္တရာယ် တွေ့နိုင်တဲ့ မြန်မာပြည်ကြီးမှာ ကုသိုလ်ရချင်လို့ ဘုရားသွားဖူးတာတောင် မလုံခြုံတော့ဘူးလား ဆိုတာကတော့…

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...