ကမ္ဘာမှာ မြန်မာပြည်တခုတည်းမှာသာ ရှိတဲ့ သံလမ်းမရှိတဲ့ ရထားဘူတာ

Local News
ကမ္ဘာမှာ မြန်မာပြည်တခုတည်းမှာသာ ရှိတဲ့ သံလမ်းမရှိတဲ့ ရထားဘူတာ

ကမ္ဘာမှာ မြန်မာပြည်တခုတည်းမှာသာ ရှိတဲ့ သံလမ်းမရှိတဲ့ ရထားဘူတာ (ကမ္ဘာ့ပထမဆုံး ကိုယ်ပျောက်သံလမ်းအဖြစ် မှတ်တမ်းဝင်နိုင်ပါတယ်)
ပုံမှာမြင်ရတဲ့ ဘူတာကတော့ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်က ဝေသာလီဘူတာပဲ ဖြစ်ပါတယ်။ ဓမ္မရာဇ်နဲ့ တိန်ညိုဘူတာကြားမှာ တည်ရှိတဲ့ ဘူတာပါ။

အဲဒီဘူတာရဲ့ အထူးဆန်းဆုံးအချက်ကတော့ ဘူတာ၊ ရုံပိုင်နဲ့ ရထားဝန်ထမ်းလိုင်းခန်းတို့ရှိပေမယ့် ရထားသွားစရာ သံလမ်းမရှိတာပဲ ဖြစ်ပါတယ်။ ၂၀၁၀ ဝန်းကျင်မှာ ဘူတာ တည်ဆောက်ပြီးကတည်းက ရထားသံလမ်းတွေ လုံးဝရောက်မလာခဲ့ပါဘူး။ သံလမ်း မပြောနဲ့ လမ်းကြောင်းတောင် မဖောက်ခဲ့ဘူးလို့ သိရပါတယ်။

ဒီဖြစ်ရပ်တွေဟာ ငွေကုန်ကြေးကျများတဲ့ စီမံကိန်းတွေကို တင်ဒါရာခိုင်နှုန်း ရလိုမှုနဲ့ လွယ်လွယ်ကူကူ အကောင်အထည်ဖော်ခဲ့တဲ့ ရလဒ်တွေပဲ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ အခွန်တွေကတော့ အသုံးမဝင်တဲ့ အဆောက်အဦးတွေနဲ့ အတူ အငွေ့ပျံသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ စီမံကိန်း အကောင်အထည်ဖော်ခဲ့သူတွေရဲ့ ရွှေဉာဏ်တော် စူးရောက်မှုကို လူအများ ပြန်လည် သတိရစေဖို့ ဖော်ပြပေးလိုက်ပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...