ကားပေါ်ကို အတက်မှာ ဖုန်းနှိုက်တဲ့ အဖွဲ့ အလုပ်လုပ်ပုံ (မြို့လယ်ခေါင် လူစည်ကားတဲ့ ကားမှတ်တိုင်မှာ‌ပါ)

Local News
ကားပေါ်ကို အတက်မှာ ဖုန်းနှိုက်တဲ့ အဖွဲ့ အလုပ်လုပ်ပုံ
(မြို့လယ်ခေါင် လူစည်ကားတဲ့ ကားမှတ်တိုင်မှာ‌ပါ)

မနေ့က တနင်္ဂနွေနေ့ နေ့လည် ဗဟန်း ၃ လမ်းမှတ်တိုင်မှာ ကားစောင့်နေရင်း ခါးအဖွဲ့ ကိုယ်ပတ်ပတ်လည်ရပ်နေတာ ပိုက်ဆံ ၁၀၀၀ တန်လေးကိုင်ထားတော့ ကိုယ့်လိုပဲ ကားစောင့်နေတယ်လို့ ထင်နေတာ။ ဘယ်ဟုတ်မလဲ ခါးအဖွဲ့ ခန့်မှန်း ၇ ယောက် ကျောပိုးအိတ် အရှေ့ကို လွယ်ထားတယ်။ လက်က အောက်ကနေလိုက်နှိုက်တာ ကားပေါ် အတက်ကို နှိုက်တာဗျာ။

အရင်ဆုံးသူ့လူ ၂ ယောက် အရင်တက်တယ်။ အကြွေမပါသလိုနဲ့ အချိန်ဆွဲတယ်။ နှိုက်မယ့်သူကို ဘေးမှာ ၂ ယောက် အနောက်မှာ ၂ ယောက်ကာပြီး နောက်ဆုံးတစ်ယောက်က နှိုက်တာ နှိုက်ပြီး ပြန်ခွာလာတယ်။ အပေါ်တက်သွားတဲ့ ၂ ယောက် ပြန်ဆင်းလာတယ်။ အဲ့လိုဘဲ ကိုယ်စောင့်နေတဲ့အချိန် ၁၅ မိနစ်အတွင်းမှာကို ဖုန်း ၇ လုံးလောက်ရှိမယ်။

နှိုက်တာ မြင်ရက်နဲ့ မင်းရပ်ကြည့်နေလားလို့မေးရင်.. ဟုတ် ရပ်တောင်မကြည့်ရဲပါဘူး ခိုးကြည့်ရတာပါ။ မှတ်တိုင်မှာ လူတွေအများကြီး မြင်တဲ့သူလဲ မြင်မှာပါ ဒါပေမဲ့ ဝင်ပါလို့လဲ မရဘူးဗျ။ လှည်းတန်းမှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်က သင်ခန်းစာပဲလေ။ အဲ့တော့ ကိုယ်ပစ္စည်းကို သတိထားပါ။ အကောင်းဆုံးက လက်ကကိုင်ထားတာပဲ။ ကားပေါ်က အဆင်းတင်မဟုတ် ကားပေါ်အတက်လဲ သတိထားပါ။ အရမ်းကပ်နေပြီး တိုးနေပြီဆိုရင်လဲသတိထားပါ။ ဒါပဲပြောပေးနိုင်လို့ စိတ်မကောင်းဖြစ်မိပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...