ဆမ္မဆယ်-လွန်းကျော်ကွင်းလမ်းပျက်စီး၍ မော်တော်ယာဉ်များ ရာနှင့်ချီပိတ်မိ

Local News
ဆမ္မဆယ်-လွန်းကျော်ကွင်းလမ်းပျက်စီး၍
မော်တော်ယာဉ်များ ရာနှင့်ချီပိတ်မိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်ရှိ ဆမ္မဆယ်-လွန်းကျော်ကွင်းလမ်း၌ မိုးရွာသွန်းခြင်းကြောင့် လမ်းများပျက်စီးပြီး မော်တော်ယာဉ်များ ရာနှင့်ချီပိတ်မိလျက်ရှိကြောင်း ဒေသခံများထံမှသိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ အဝေးပြေးလမ်းမကြီးအား တိုက်ပွဲဖြစ်ပွားမှုများကြောင့် ပိတ်ထားသည်မှာ လနှင့်ချီ ကြာမြင့်နေသောကြောင့် ယာဉ်မောင်းများမှာ ကွင်းရှောင်လမ်းများကိုသာ အဓိကထားအသုံးပြုနေရကြောင်း၊ မိုးတွင်းကာလတွင် အဆိုပါလမ်းမှာ မကြာခဏ ပျက်စီးမှုများဖြစ်သောကြောင့် အချိန်ကြန့်ကြာမှုများရှိကြောင်း ကုန်ကားမောင်းနှင်သူတစ်ဦးကပြောသည်။

“ဗွက်ထဲနစ်တဲ့ကားတွေ၊ မှောက်နေတဲ့ကားတွေ၊ ခေါင်းချင်းဆိုင်တိုးနေတဲ့ ကားတွေအများကြီးပဲ။ ရှေ့က ကားတစ်ခုခုဖြစ်ရင် နောက်က ကားတွေအားလုံးရပ်ရတယ်။ သူလည်းသွားမရ၊ ကိုယ်လည်း သွားမရတော့ဘူး။ အဲဒီအခါ အနည်းဆုံး တစ်ရက်နှစ်ရက်လည်းကြာတတ်ပါတယ်” ဟု ၎င်းက စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။
ဆမ္မဆယ်-လွန်းကျော်ကွင်းလမ်းပျက်စီးနေသည့်အပြင် လားရှိုးမြို့ရှိ နမ့်လန်နှင့်ရပ်စောက်မြို့နယ်၊ ကျောက်ဂူလမ်း(နမ့်လမ်- ကျောက်ဂူလမ်း) မှ လမ်းလွှဲမှာလည်း ဆိုးဆိုးရွားရွား ပျက်စီးနေကြောင်း ဒေသခံများထံမှသိရသည်။

 

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...