တာချီလိတ်၌ ထပ်မံရေကြီးရေလျှံ

Local News
တာချီလိတ်၌ ထပ်မံရေကြီးရေလျှံ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ချီလိတ်မြို့၌ ယမန်နေ့(အောက်တိုဘာ ၁ ရက်) က မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရပ်ကွက်တချို့ ရေကြီးရေလျှံခြင်းများ ထပ်မံဖြစ်ပေါ်လျက်ရှိကြောင်း ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းထံမှသိရသည်။
တာချီလိတ်မြို့၌ ပြီးခဲ့သည့် စက်တင်ဘာလအတွင်း မိုးသည်းထန်စွာရွာသွန်းခြင်း၊ မယ်ဆိုင်ချောင်း ရေမြင့်တက်ခြင်းနှင့် တောင်ကျချောင်းရေများကြောင့် ရပ်ကွက်အတွင်း ရေဝင်ရောက်မှုများဖြစ်ပွားခဲ့ကြောင်း၊ ယမန်နေ့(အောက်တိုဘာ ၁ ရက်)တွင်လည်း မိုးရွာသွန်းခြင်းကြောင့် ရေထပ်မံဝင်ရောက်နေကြောင်း သိရသည်။

“မိုးက မနေ့ကတည်းကရွာနေတာ ဒီနေ့လည်းရွာနေတယ်။ ကျွန်တော်တို့ဆီမှာ မိုးရွာတာနဲ့ မယ်ဆိုင်ချောင်းရေကမြင့်တက်လာတယ်။ အဲဒီတက်လာတဲ့ရေတွေက ရပ်ကွက်တွေထဲဝင်လာတာ။ အခုတက်လာတဲ့ ရေက မိုးရေဆိုတော့ မိုးတိတ်တာနဲ့ ရေကချက်ခြင်းပြန်ဆင်းပါတယ်။ တောင်ကျရေပဲစိုးရိမ်ရတာ တောင်ကျရေဆိုရင် အနည်းဆုံးသုံးလေးရက်ကြာပါတယ်” ဟု ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

တာချီလိတ်မြို့အတွင်း မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံခြင်းများ သုံးကြိမ်ဖြစ်ပေါ်ခဲ့ပြီး လက်ရှိမှာ မယ်ခေါင်၊ ဆန်ဆိုင်(က၊ ခ)၊ ပုန်းထွန်း၊ ပါလျှံ စသည့်ရပ်ကွက်များအတွင်း ရေဝင်ရောက်နေကြောင်းသိရသည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...