ဒူဘိုင်းမှာ ရွှေမြန်မာဆိုတာနဲ့ အလုပ်လျှောက်လွှာ (CV) တောင် မကြည့်ချင်ကြတော့တဲ့အဖြစ်

Knowledge Local News
ဒူဘိုင်းမှာ ရွှေမြန်မာဆိုတာနဲ့ အလုပ်လျှောက်လွှာ (CV) တောင်
မကြည့်ချင်ကြတော့တဲ့အဖြစ်

(ဒူဘိုင်းမှာ အလုပ်သွားလုပ်မယ့်သူတွေ မဖြစ်မနေ ဖတ်သွားရမယ့် အချက်)
မြန်မာလို့ပြောရင် အလုပ်လျှောက်လွှာတောင် မကြည့်ချင်တော့ဘူးတဲ့။ စာနည်းနည်းရှည်မယ်နော် အကျိုးရှိမှာပါ။ မနေ့က သူငယ်ချင်းတစ်ယောက်နဲ့စကားပြောရင်း ဒီစာလေးတော့ ငါရေးလိုက်ပါဦးမယ်လေဆိုပြီး မနက်စောစောအိပ်ယာကနိုးတာနဲ့ ထရေးလိုက်လေရဲ့။

အခုတလော ကြားကြားနေရတဲ့ စကား၊ HR Manager တယောက်မက ပြောနေတာပါ၊ နင်တို့လာတုန်းကအချိန်နဲ့ အခုကလုံးဝကို မတူတော့တာ၊ ဘာလို့လဲမေးလိုက်တော့ အရင် နင်တို့လာခဲ့တုန်းကအချိန် မြန်မာဆိုရင် ငါတို့ကလိုချင်လွန်းလို့ မနည်းလိုက်ရှာရတာလေ။ ပြီးတော့ ကြိုးစားပြီး သင်ယူကြတယ် အလုပ်မရွေးကြဘူး ပြောတာမှစုံနေတာပဲ။ အခုက ဘာဖြစ်လို့လဲ မေးလိုက်တော့ အလုပ်မရသေးလို့ ခန့်လိုက်ပါတယ်။ နှစ်လနေပြီး ထွက်တယ်။ ဘာလို့ထွက်တာလဲမေးတော့ အစ်မက ဒီထက်လစာကောင်းတဲ့နေရာကိုပြောပေးလို့ထွက်တာတဲ့။ နှစ်လ၊ သုံးလနေပြီးထွက်နေကြတာ စိတ်တောင်ကုန်လာပြီနန်းရယ်ဆိုပြီးပြောပြတယ်။ ပြီးတော့ အင်တာဗျူး လာကြတယ်၊ အတွေ့အကြုံလည်းမရှိပဲ လစာကိုတောင်းကြတာ အံ့ဩလို့မဆုံးဘူးတဲ့။


နန်းပြောချင်တာက အခုမှလာတဲ့သူက အရင်၅နှစ်လောက်ကြိုရောက်နေတဲ့သူရဲ့လစာနဲ့တော့မနှိုင်းနဲ့လေ။ ပြီးတော့ Senior တွေကလည်း ဒီအလုပ်ဆိုရင် ဒီလစာကရပါတယ် တောင်းတာတောင်းဆိုပြီးညေှာင့်ပေးကြတဲ့သူတွေက တမျိုး၊ နောက်ဆုံး အလုပ်မရပဲသောင်တင် ကူပါ ကယ်ပါနဲ့။ အင်တာဗျူး ခေါ်ပေးတော့လည်း Tell me about yourself ကို နှစ်ကြောင်းက မတက်တော့ဘူး။ အလုပ်ကရွေးသေးတယ်။ ဘယ်သူမဆို အလုပ်ကောင်းရချင်တာ နားလည်ပါတယ်။ ကိုယ်ကရော အဲ့လောက်ထိ ပြင်ဆင်ထားရဲ့လား သေချာစဉ်းစားပါ။ အခုဆို မြန်မာလို့ပြောရင် အလုပ်လျှောက်လွှာ (CV) တောင်မကြည့်ချင်တော့ဘူးတဲ့။ ကြားရတာ ရင်ထဲကို နင့်သွားတာပဲ။ အကောင်းဆုံးဆိုတဲ့ နေရာတခုရဖို့ဆို အချိန်အနည်းနဲ့အများတော့ ရင်းနှီးရတာပါပဲ။

လာမယ်ဆိုရင် အခုကတည်းက အချိန်ယူပြီးပြင်ဆင်ပါ။ အဆင်သင့်မဖြစ်ရင်တောင် သေချာပြင်ဆင်ထားရင် အခက်အခဲတွေကို ကျော်လွှားနိုင်မှာဖြစ်တဲ့အတွက် ကောင်းကောင်းပြင်ဆင်ပြီးလာစေချင်ပါတယ်။ ယုံကြည်ချက်အပြည့်နဲ့ ကိုယ့်ကိုကိုယ်အားကိုးပြီးလာပါ။ ချက်ချင်းလက်ငင်းကြီးတော့ ဟောအလုပ်ဆိုပြီး မလာဘူး အဆင်ပြေတဲ့နေရာမှာ သင့်တော်သလိုလေးလုပ် အကောင်းဆုံးကြိုးစား”ငါက ဘာမို့လို့ ဒါလုပ်စရာမလိုဘူး” ဆိုတဲ့စိတ်မထားပဲ တဆင့်တဆင့် အတွေ့အကြုံလေးတွေစု ကိုယ်သွားချင်တဲ့လမ်းကြောင်းအတွက်ပြင်ဆင်ကြပါ။ အိပ်မက်တွေ ရည်မှန်းချက်တွေကိုလက်တွေ့အကောင်ထည်ဖော်နိုင်ကြပါစေ။

Crd

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...