ပြည်တွင်း​​ ပြင်ပရွှေဈေးပြန်တက်

Local News
ပြည်တွင်း​​ ပြင်ပရွှေဈေးပြန်တက်

ပြည်တွင်း၌ ပြင်ပရွှေဈေး ပြန်တက်လာကြောင်း ရွှေဈေးကွက်ထံမှ သိရသည်။
ပြင်ပဈေးကွက်၌ ယမန်နေ့ (အောက်တိုဘာ ၂၃ ရက်) မွန်းလွဲပိုင်းတွင် မီးလင်းရွှေ အရောင်း ၆၆၀၀၀၀၀ ကျပ်၊ အဝယ် ၆၅၀၀၀၀၀ကျပ်၊ ယနေ့ (အောက်တိုဘာ ၂၄ ရက်) မွန်းလွဲပိုင်းတွင် မီးလင်းရွှေ အရောင်း ၆၇၅၀၀၀၀ ကျပ်၊ အဝယ် ၆၆၅၀၀၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၂၁ ရက် မွန်းလွဲပိုင်းတွင် မီးလင်းရွှေ အရောင်း ၆၃၅၀၀၀၀ ကျပ်၊ အဝယ် ၆၂၅၀၀၀၀ ကျပ်၊ အောက်တိုဘာ ၂၂ ရက် မွန်းလွဲပိုင်းတွင် မီးလင်းရွှေ အရောင်း ၆၄၅၀၀၀၀ ကျပ်၊ အဝယ် ၆၃၅၀၀၀၀ ကျပ်ဖြစ်ကြောင်း ရွှေဈေးကွက်ထံမှ သိရသည်။
“ဖွနေတာတွေပဲ ရှိတယ်။ ဈေးကို ဆွဲတင်နေတာ။ ဈေးကွက်မှာက အရောင်းအဝယ် မရှိပါဘူး”ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့် က ပြောသည်။

ယနေ့ (အောက်တိုဘာ ၂၄ ရက်) မွန်းလွဲ ၃ နာရီ အချိန် အကယ်ဒမီ မီးလင်းရွှေ အပိတ်ဈေးနှုန်းသည် ၅၆၁၆၀၁၀ ကျပ်၊ ကမ္ဘာ့ရွှေဈေး တစ်အောင်စ ၂၇၃၈ ဒေါ်လာဖြစ်ပြီး၊ ယမန်နေ့ (အောက်တိုဘာ ၂၃ ရက်) မွန်းလွဲ ၃ နာရီ အချိန် အကယ်ဒမီ မီးလင်းရွှေ အပိတ်ဈေးနှုန်းသည် ၅၆၁၀၁၇၃ ကျပ်၊ ကမ္ဘာ့ရွှေဈေး တစ်အောင်စ ၂၇၃၉ ကျပ်ဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း YGEA မှ သတင်းထုတ်ပြန်ထားသည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...