မကွေးနှင့်မုံရွာ၌ မြေငလျင်လှုပ်ခတ်

Local News
မကွေးနှင့်မုံရွာ၌ မြေငလျင်လှုပ်ခတ်

မကွေးတိုင်း မကွေးမြို့အနီးနှင့် စစ်ကိုင်းတိုင်း မုံရွာမြို့အနီးတို့၌ ယနေ့ (အောက်တိုဘာ ၃ ရက်) နံနက်ပိုင်းတွင် မြေငလျင်လှုပ်ခတ်မှုများဖြစ်ပေါ်ခဲ့ကြောင်း မြေငလျင်သတင်းများစင်တာ၏ ထုတ်ပြန်ချက်အရသိရသည်။

ယနေ့နံနက် ၇ နာရီ ၃၉ မိနစ်တွင် မကွေးမြို့မှတောင်ဘက်ပိုင်း၊ မင်းလှမြို့အရှေ့တောင်ဘက် ၁၃ မိုင်ခန့်အကွာ မြေအောက်အနက် ခုနစ်မိုင်ခန့်မှ မဂ္ဂနီကျု ၄ ဒသမ ၈ အဆင့်ရှိငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။

အဆိုပါမြေငလျင်လှုပ်ရှားစဉ် မုံရွာမြို့မှ အနောက်ယွန်းယွန်း၊ ဂန့်ဂေါမြို့အရှေ့တောင်ဘက်ပိုင်း၊ ကျောမြို့အနီး တောင်တန်းဒေသအောက် အနက် ၆၁ မိုင်မှ မဂ္ဂနီကျု ၄ ဒသမ ၂ အဆင့်ရှိ မြေငလျင် တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မြေငလျင်သတင်းများစင်တာကထုတ်ပြန်သည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...