မုန့်ဟင်းခါးထဲ ကြွက်ပါသည့်ကိစ္စ တင်တင်အေးဆိုင်မှ ဝန်ချတောင်းပန်ပြီ (ဆိုင်နာမည် ဖျက်ချင်လို့ လုပ်တာဆိုတဲ့သူတွေ ဖတ်ဖို့)

Local News
မုန့်ဟင်းခါးထဲ ကြွက်ပါသည့်ကိစ္စ တင်တင်အေးဆိုင်မှ ဝန်ချတောင်းပန်ပြီ (ဆိုင်နာမည် ဖျက်ချင်လို့ လုပ်တာဆိုတဲ့သူတွေ ဖတ်ဖို့)

မုန့်ဟင်းခါးထဲ ကြွက်ပါလာတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တင်တင်အေး (ထိပ်တန်း) မုန့်ဟင်းခါး (ရန်ကင်း) ဆိုင်ခွဲမှာ ဝန်ချတောင်းပန်မှုကို ဖော်ပြလိုက်ပါတယ်။
“စားသုံးသူမိဘပြည်သူများအား အနူးအညွှတ်တောင်းပန်ခြင်း”၊ “ကျွန်တော်/ကျွန်မတို့ရဲ့လုပ်ငန်းသက်တမ်းတစ်လျှောက်လုံးမှာ၊ အစဉ်အလာလဲမရှိ၊ဖြစ်လဲမဖြစ်ဘူးတဲ့ကိစ္စတရပ်မနေ့ကဖြစ်သွားခဲ့ပါတယ် ဖဘ ကနေတဆင့်သတင်းတွေအများကြီးတက်လာတာကို စိတ်မကောင်းစွာနဲ့တွေ့ရပါတယ်။

ပထမဦးဆုံး စားသုံးသူတွေဘက်ကနေ စဉ်းစားပေးပြီး၊ စိတ်အနှောင့်အယှက်ဖြစ်သွားကြတာ၊ သံသယဝင်ရတာတွေအတွက် အနူးအညွတ်တောင်းပန်ပါတယ်။ တက်လာတဲ့သတင်းတွေကို အဘက်ဘက်ကသုံးသပ်ဝေဖန်ကြတဲ့အခါ ကျွန်တော်/ကျွန်မတို့ဘက်ကနေစဉ်းစားပေးကြသူတွေရှိသလို၊ထောက်ပြဝေဖန်မှုတွေကိုလဲကျေးဇူးတင်ပါတယ်။ အကောင်းမြင်သူတွေကို ကျေးဇူးအထူးတင်ရသလို၊ထောက်ပြဝေဖန်မှုတွေကလဲ ကျွန်တော်/ကျွန်မတို့ဘာကို၊ ဘယ်လိုပြုပြင်ဖို့လိုတယ်ဆိုတဲ့အသိပေးတာမို့၊ကျေးဇူးတင်ပါတယ်။

 

ဆယ်စုနှစ်များစွာစားသုံးသူတွေကို ရှေ့တန်းတင်ပြီး၊ အကြိုက်ဆောင်ပေးနိုင်ခဲ့လို့ ဝမ်းသာမဆုံးဖြစ်မိပါတယ်၊ ဆက်ပြီးတော့လဲ အဘက်ဘက်က ပြုပြင်စရာတွေပြုပြင်ပြီး အမှားအယွင်းမရှိအောင် ဆက်ပြီး ဝန်ဆောင်မှုပေးသွားနိုင်အောင် ကြိုးပမ်းသွားပါမယ်။ ယခုလိုဖြစ်သွားခဲ့တဲ့ကိစ္စအတွက် တင်တင်အေးမုန့်ဟင်းခါး(ရန်ကင်းဆိုင်) မိသားစုမှ အနူးအညွှတ်တောင်းပန်ပါတယ်။ လေးစားစွာဖြင့် တင်တင်အေးထိပ်တန်းမုန့်ဟင်းခါး၊ ရန်ကင်းမိသားစု။”

ထိုသို့တောင်းပန်ထားသော်လည်း စားသုံးသူတွေအတွက် မည်ကဲ့သို့ စီမံထားကြောင်းကို ဖော်ပြထားခြင်း မရှိပါ။ ထိုနေ့က ရောင်းချလိုက်တဲ့ ပွဲရေ ထောင်ကျော်အတွက် မည်သို့ ပြုလုပ်ပေးမည်ဆိုတ့ အချက်လည်း မပါဝင်တာကို တွေ့ရှိရပါတယ်။ ဆိုင်နာမည် ဖျက်ချင်လို့ စားသုံးသူက တမင်လုပ်တာဆိုတဲ့သူတွေလည်း သဘောပေါက်လောက်ပြီ ထင်ပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...