ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ်ခုနစ်ခုတွင် မိုးကြီး၍ လေပြင်းတိုက်ခတ်နိုင်

Local News
ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ်ခုနစ်ခုတွင်
မိုးကြီး၍ လေပြင်းတိုက်ခတ်နိုင်

ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ်ခုနစ်ခုတွင် မိုးကြီး၍ လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ် နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားသည်။

မနက်ဖြန်(အောက်တိုဘာ ၁၉ ရက်မှ ၂၄ ရက်) အတွင်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှနေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ယင်းထုတ်ပြန်ချက်အရသိရသည်။

ထိုင်းပင်လယ်ကွေ့မှရွှေ့လျားလာနိုင်သည့် လေပွေလှိုင်းများ၏အရှိန်ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်လာနိုင်သည့် လေဖိအားနည်းဆဲလ်နှင့် ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်လာနိုင်သည့် လေဖိအားနည်းရပ်ဝန်း၏အရှိန်တို့ကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့်လည်းကောင်း မိုးကြီးခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်ခြင်းဖြစ်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

ယခုလအောက်တိုဘာ ၁၉ ရက်နှင့် ၂၀ ရက်ဝန်းကျင်တွင် ကပ္ပလီပင်လယ်အတွင်း မြိတ်မြို့အနီးမှ စတင်၍ သတိထားစောင့်ကြည့်ရမည့် လေပွေလှိုင်းဖြစ်ပေါ်လာနိုင်ပြီး၊ အောက်တိုဘာ ၂၂ ရက် နံနက်ပိုင်း၊ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ချေ ၉၀ ရာခိုင်နှုန်းအထိရှိလာကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင် က ဆိုသည်။

ထို့ပြင် မြန်မာ့ကမ်းရိုးတန်းအသီးသီးအနီးမှ ကမ်းနီးရေလုပ်ငန်းလုပ်ကိုင်နေကြသည့် ရေလုပ်သားများအနေဖြင့် လေပွေလှိုင်းဖြစ်လာသည့်အခြေအနေကို မပြတ်နားစွင့်နေပြီး၊ အချိန်တိုအတွင်း အားကောင်းလာနိုင်ခြင်းကြောင့် ဘေးကင်းရာသို့ရှောင်ရှားနိုင်ကြရန် စတင်ပြင်ဆင်ထားသင့်ပြီ ဖြစ်ပါတယ်” ဟု ၎င်းက လူမှုကွန်ရက်တွင်အသိပေးရေးသားထားသည်။

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးနှိုးဆော်ထားသည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...