သီတင်းကျွတ်ရုံးပိတ်ရက်အတွင်း အထူးရထားခရီးစဉ်များ ပြေးဆွဲမည်

Local News
သီတင်းကျွတ်ရုံးပိတ်ရက်အတွင်း အထူးရထားခရီးစဉ်များ ပြေးဆွဲမည်

သီတင်းကျွတ်ရုံးပိတ်ရက်အတွင်း ခရီးသွားလာနိုင်ရန် အထူးရထားခရီးစဉ်များပြေးဆွဲပေးမည်ဖြစ်ကြောင်း နစက၏ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်သည်။

ယခုလ(အောက်တိုဘာ ၁၅ ရက်မှ ‌၂၀ ရက်)အတွင်း ရန်ကုန်-ပြည်-ရန်ကုန်နှင့် ရန်ကုန်-မော်လမြိုင်-ရန်ကုန် ခရီးစဉ်များကို ပုံမှန်ရထားများအပြင် အထူးရထားများဖြင့်ပါပြေးဆွဲပေးမည်ဖြစ်ကြောင်း၊ ခရီးသွားပြည်သူများလိုက်ပါစီးနင်းမှုအပေါ်မူတည်၍ ဝန်ချိန်ပြည့်တွဲဆိုင်းများကိုပါ ချိတ်ဆက်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အထက်တန်းလက်မှတ်အား သုံးရက်ကြိုတင်၍လည်းကောင်း၊ ရိုးရိုးတန်းလက်မှတ်အား တစ်ရက်ကြိုတင်၍လည်းကောင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် ရထားလက်မှတ်ခ နှုန်းထားနှင့် ရပ်နားပေးမည့်ဘူတာများမှာ ပုံမှန်ပြေးဆွဲပေးသည့် ရထားခရီးစဉ်များအတိုင်း ဖြစ်ကြောင်း အသိပေးထားသည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...