အိုင်ဖုန်းပုံ တင်မိလို့ ဆယ်လီဖြစ်သွားတဲ့ အိုင်ဖုန်းကိုယ်တော် ဒဲ့ရှင်းပါပြီ၊

Local News
အိုင်ဖုန်းပုံ တင်မိလို့ ဆယ်လီဖြစ်သွားတဲ့
အိုင်ဖုန်းကိုယ်တော် ဒဲ့ရှင်းပါပြီ၊

လူမှုကွန်ရက်ပေါ်မှာ အိုင်ဖုန်းပုံနဲ့ “အရောင်လေးက မဆိုးရှာပါဘူး” ဆိုပြီး တင်လိုက်မိတဲ့ ဦးဇင်းကတော့ ဝေဖန်ခံနေရတဲ့အပေါ် ဒဲ့ရှင်းပြလိုက်ပါပြီ။

သိကြရအောင်လို့ပါ ဤအိုင်ဖုန်းကို မိမိဝယ်ထားတာ မဟုတ်ပါ။ မိမိပိုင်ဆိုင်သည့် ဖုန်းလည်း မဟုတ်ပါ။ မိမိတို့ပညာသင်ကြားရာ မြို့ဖြစ်တဲ့ ဘာဒိုဒရာမှာရှိတဲ့ Parul တက္ကသိုလ်မှာ ပညာသင်ကြားနေသည့် ကျောင်းသားတဦးမှ ဆွမ်းလာကပ်သည်နှင့် ကြုံခိုက် သူ၏ ဖုန်းကိုယူ၍ ဓာတ်ပုံရိုက်ချင်းသာဖြစ်ပါသည်။

မိမိသည် ဤလောက်များသည့် ငွေကြေးပမာဏကို ရှိနေသည့် ရဟန်းလည်း မဟုတ်ပါ။ ဝယ်လည်း မဝယ်နိုင်ပါ။ထို့အတွက်ကြောင့် မိမိပိုင်ဆိုင်သည့် ဖုန်းလည်းမဟုတ်ပါ။ မိမိဝယ်ထားသည့်ဖုန်းလည်း မဟုတ်ပါ။ ထို့အတွက်ကြောင့် ဤအိုင်ဖုန်းသည် မိမိဝယ်ထားတာ မဟုတ်ကြောင်းနှင့် မိမိပိုင်ဆိုင်သည့် ဖုန်းလည်း မဟုတ်ပါကြောင်း ဖဘပေါ်မှ သူတော်ကောင်း ၊ ဆရာ့ ဆရာ၊ ဆရာ့ဆရာမကြီးအပေါင်းကို သိစေအပ်ပါသည်။ အရှင်ဝိစိတ္တ 28/9/2024

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...