ထိုင်းရောက်ပြီး အလုပ်မရသေးဘူးလို့ ညည်းတွားနေတဲ့ လူငယ်တွေအတွက် အလုပ်အမြန်ရနိုင်မယ့် နည်းလမ်း

Local News
ထိုင်းရောက်ပြီး အလုပ်မရသေးဘူးလို့ ညည်းတွားနေတဲ့
လူငယ်တွေအတွက် အလုပ်အမြန်ရနိုင်မယ့် နည်းလမ်း

ထိုင်းမှာ အခြေခံအကျဆုံးအလုပ်က တစ်နေ့ ဘတ် ၄၀၀ အနည်းဆုံး ရတာပါ။ သန့်ရှင်းရေး၊ ဆိုင်အကူ။ အလုပ် လုပ်တတ်ရင် ၅၀၀/၆၀၀ ရတယ်။ ဒါက နေ့စားသမားပြောတာ။

တနေ့တာ စားစရိတ် ပြောရရင် အလုပ်သမားအများစုစားကြတဲ့ မနက်စာက ဘတ် ၃၀ တန်ရှိတယ်။ ဘတ် ၄၀/၅၀ ချဲ့ရင် ချဲ့သလိုပေါ့ကွယ်။ နေ့လည်စာလည်း ကြက်ပင်စိမ်း၊ ဝက်ပင်စိမ်း၊ ကြက်ဆီထမင်း တစ်ပွဲ ၄၀/၅၀ တန်တွေလည်း ရှိတာဘဲ။ ချွေတာ တတ်ရင် တစ်နေ့ ဘတ် ၁၅၀ နဲ့ လောက်အောင် စားလို့ရပါတယ်။

နေတာက အဆောင်ပုံစံဆို တစ်လ ၃၀၀၀ တန် ၄၀၀၀ တန်တွေရှိတယ်။ နေစရိတ်ကို တစ်ရက် ၁၀၀/၁၅၀ နဲ့တွက်။ ဒီတော့ တစ်ရက် ၄၀၀ ရရင် ၃၀၀ နဲ့လောက်အောင်သုံး။ ကျန် ၁၀၀ က အခြားမှာ သုံးရသေးတယ်။ ထိုင်းမှာ ညနေဘက် အကင်ရောင်းတဲ့ ဆိုင်အကူတောင်မှ တစ်ရက် အနည်းဆုံး ၄၀၀ တော့ရပါတယ်။ ဒါ ဟိုးအောက်ဆုံးတန်းကို ပြောတာ။

လစာရ၊ အလုပ်ထဲမှာ ထမင်းကျွေး၊ နေစရာပေး ဆိုတဲ့ အလုပ်တွေလည်း ရှိတာဘဲ။ ထိုင်းက ခရီးသွားလုပ်ငန်း အားကောင်းနေတော့ လူအများဆုံးလိုတာကလည်း အဲ့ဒီ နေရာဘဲ။

ကျောင်းတက်လက်စ ကျောင်းသားတွေ အနေနဲ့ ငွေလည်းအများကြီး မတတ်နိုင်ဘူးဆိုရင် ငွေကုန်ကြေးကျများတဲ့ ထိုင်းတက္ကသိုလ်တွေ မစဉ်းစားနဲ့ဦး။ နှစ်လည်းကြာ၊ ငွေလည်း ကုန်မဖြစ်စေနဲ့ဦး။ ဒီတော့ ဘာလုပ်ရမလဲပေါ့။ vocational training ဆိုတဲ့ အသက်မွေးဝမ်းကျောင်း သင်တန်းအရင်တက်ဖို့ စဉ်းစားသင့်တယ်။

ဆောက်လုပ်ရေးဘက်မှာ ဆေးသုတ်၊ အုတ်စီ၊ ဂဟေဆော်၊ လက်သမား စတဲ့ သင်တန်းတွေတက်။ စားသောက်ကုန်လုပ်ငန်းတွေနဲ့ ဆိုင်တဲ့ သင်တန်းတွေတက်။ အများကြီးတတ်စရာမလိုသေးလို့ လေးငါးခြောက်လနဲ့ အတန်းပြီးနိုင်တာမျိုးရှာ။ အဲ့ပတ်ဝန်းကျင်ထဲ ရောက်သွားရင် အလုပ်ရှာရတာ လွယ်မယ်။ လုပ်ငန်းခွင်ထဲ တန်းရောက်သွားမှာ။ ပုံမှန်ဝင်ငွေလေး ရှိလာမှ၊ အသက်ရှူချောင်လာမှ ကိုယ်ဆက်ချင်တဲ့ ပညာရေးခရီးလမ်း၊ တက္ကသိုလ်တန်းကို ဆက်တက်ကြပါ။ အောက်ကို တဆင့်ဆင်းဖို့ ဝန်မလေးပါနဲ့။ ခြေတစ်လှမ်းဆက်တိုးဖို့ ခြေတစ်လှမ်းဆုတ်သင့်လည်း ဆုတ်ပေါ့ကွယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...