ပြည်တွင်း ကားဈေးကွက် အရောင်းအဝယ်အေးကာ ဈေးနှုန်းကျဆင်းဟုဆို

Local News
ပြည်တွင်း ကားဈေးကွက် အရောင်းအဝယ်အေးကာ
ဈေးနှုန်းကျဆင်းဟုဆို

ပြည်တွင်း ကားအရောင်းအဝယ်ဈေးကွက်တွင် အရောင်းအဝယ်အေးကာ ဈေးနှုန်းအနည်းငယ်ကျဆင်းမှုများရှိကြောင်း ကားဝယ်ရောင်းလုပ်ငန်းလုပ်ကိုင်သူများထံမှသိရသည်။

ကျပ်သိန်း ၁၀၀၀ ဝန်းကျင်ကားများ ဈေးကျသည့် ရာခိုင်နှုန်းနည်းပြီး ကျပ်သိန်း ၂၀၀၀ ဝန်းကျင်ကားများ ဈေးကျသည့်ရာခိုင်နှုန်း အနည်းငယ်ပိုများကြောင်း ကားအမျိုးအစားလိုက် ဈေးနှုန်းကျဆင်းမှုများရှိကြောင်း ကားဈေးကွက်အတွင်းမှသိရသည်။

“ကားဈေးတွေကျတာပေါ့။ အရောင်းအဝယ် အေးတာကြောင့်မို့ ဝယ်လိုအားနည်းတယ်။ နည်းတဲ့အတွက်ကြောင့် တကယ်ရောင်းချင်တဲ့သူ လျော့ရောင်းရတယ်” ဟု ရန်ကုန်တိုင်းမော်တော်ယာဉ်ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမင်းမင်းမောင် က ပြောသည်။

ကားဈေးနှုန်းကျသည့်အကြောင်းအရင်းများမှာ အရောင်းအဝယ်အေးခြင်း၊ ငွေဈေးမာနေခြင်းနှင့် ဘဏ်အတိုးမြင့်သွားခြင်းတို့ကြောင့် ကားဈေးနှုန်းအကျဘက်သို့ သွားနေခြင်းဖြစ်ကြောင်း ကားလုပ်ငန်းရှင်များကသုံးသပ်သည်။

လတ်တလော ကားဈေးကွက်အတွင်း ပုံမှန်ရောင်းဝယ်နေသည့်ကားများမှာ ငွေလိုသည့်သူများ၊ ကားလဲချင်သည့်သူများမှာ ဈေးလျော့ရောင်းချမှုများကြောင့် ဈေးနှုန်းအပြောင်းအလဲများရှိကြောင်း ကားဈေးကွက်အတွင်းမှသိရသည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...