ပြည်လမ်းပေါ်က ဦးတေဇပိုင် ခြံကျယ်ကြီးကို ရုတ်တရက် ရောင်းချ၊ ရွှေ ၁ တန် (ပေါက်ဈေး မြန်မာငွေ သန်း ၄ သိန်းကျော်) ပေးချေရဟုဆို

Local News
ပြည်လမ်းပေါ်က ဦးတေဇပိုင် ခြံကျယ်ကြီးကို ရုတ်တရက် ရောင်းချ၊ ရွှေ ၁ တန် (ပေါက်ဈေး မြန်မာငွေ သန်း ၄ သိန်းကျော်) ပေးချေရဟုဆို

ပြည်လမ်း၊ အင်းလျားကန်နားမှာ ရှိတဲ့ ဦးတေဇပိုင် ခြံကျယ်ကြီးကို ရုတ်တရက် ရောင်းချလိုက်ပြီလို့ သိရပါတယ်။ ဝယ်ယူတဲ့သူနဲ့ ရောင်းချလိုက်တဲ့ ငွေကြေးပမာဏကို လျှို့ဝှက်ထားတယ်လို့ သိရပါတယ်။ ခြံကြီးရဲ့ ပိုင်ရှင်အမည်မှာ ဦးတေဇ အစား သူ့သားသမီးတွေ ဖြစ်တဲ့ ပြည့်ဖြိုးတေဇ၊ ထူးထက်တေဇ၊ ထူးထွေးတေဇတို့ နာမည်များကို ပြောင်းလဲ ထားတာတွေ့ရပါတယ်။

တချို့ သတင်းရင်းမြစ်တွေ အရ ရွှေတန်ချိန် တတန် (ကာလပေါက်ဈေး သန်း ၄ သိန်း) ပေးချေခဲ့ရတယ်လို့ သိရပါတယ်။ တချိန်က မြန်မာ့အချမ်းသာဆုံး သူဌေးကြီးဖြစ်ခဲ့တဲ့ ဦးတေဇ တယောက် ဘယ်လို အကွက်တွေ ပြဦးမလဲဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...