ယနေ့ဒေါ်လာဈေးပြန်တက်

Local News
ယနေ့ဒေါ်လာဈေးပြန်တက်

ယနေ့(အောက်တိုဘာ ၂၄ ရက်) နံနက်ပိုင်းတွင် ဒေါ်လာအရောင်းအဝယ်ဈေးနှုန် ပြန်မြင့်တက်လာကြောင်း ငွေကြေးဈေးကွက်အတွင်းမှသိရသည်။

ယမန်နေ့(အောက်တိုဘာ ၂၃ ရက်) နံနက်ပိုင်းတွင် တစ်ဒေါ်လာရောင်းဈေး ၄၅၅၀ ကျပ်၊ ဝယ်ဈေး ၄၄၅၀ ကျပ်ဖြစ်ပြီး ယနေ့ (အောက်တိုဘာ ၂၄ ရက်) နံနက်ပိုင်းတွင် တစ်ဒေါ်လာရောင်းဈေး ၄၇၀၀ ကျပ်၊ ဝယ်ဈေး ၄၆၀၀ ကျပ်ဖြစ်ကြောင်း၊ အချိန်နှင့်အမျှ ဈေးနှုန်းအပြောင်းအလဲရှိကြောင်း သိရသည်။

“ဒီရက်ပိုင်းတွေမှာ ဈေးအနည်းငယ်မြင့်ချင်လည်းမြင့်လာနိုင်တယ်။ ရေရှည်ကြည့်ရင် Export က အကန့်အသတ်ရှိတယ်။ Export ကို အများကြီးတိုးဖို့လည်းမဖြစ်နိုင်ဘူး။ Import ကလည်း အကန့်အသတ်ရှိနေတယ်။ ဒါကြောင့် ငွေဈေးဟာ အပေါ်ကိုရောက်ချင်လည်း ရောက်လာနိုင်တယ်” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
အောက်တိုဘာ ၂၁ ရက်တွင် တစ်ဒေါ်လာရောင်းဈေး ၄၄၅၀ ကျပ်၊ ဝယ်ဈေး ၄၃၅၀ ကျပ်၊ အောက်တိုဘာ ၂၂ ရက်တွင် တစ်ဒေါ်လာရောင်းဈေး ၄၄၈၀ ကျပ်၊ ဝယ်ဈေး ၄၃၈၀ ကျပ် ပေါက်ဈေးရှိကြောင်း ဒေါ်လာဈေးကွက်အတွင်းမှသိရသည်။

စက်တင်ဘာလကုန်ပိုင်းနှင့် အောက်တိုဘာလဆန်းပိုင်းတွင် ဒေါ်လာဈေးနှုန်းကျဆင်းလာခြင်းမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားငွေများကို တောက်လျှောက်ရောင်းချပေးနေခြင်းကြောင့် ဖြစ်ကြောင်း လုပ်ငန်းရှင်များကသုံးသပ်ကြသည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...