ရန်ကုန်မြို့ဟာ လာမယ့်နှစ်တွေအတွင်းမှာပဲ ကျွန်းတခုအဖြစ်သာ ကျန်ခဲ့ပါလိမ့်မယ် (ဒေါက်တာ သန့်မြင့်ဦး)

Local News
ရန်ကုန်မြို့ဟာ လာမယ့်နှစ်တွေအတွင်းမှာပဲ ကျွန်းတခုအဖြစ်သာ
ကျန်ခဲ့ပါလိမ့်မယ် (ဒေါက်တာ သန့်မြင့်ဦး)

မြန်မာနိုင်ငံမှာ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့် ဖြစ်တဲ့ သက်ရောက်မှုဟာ ကြီးမားတဲ့ ကပ်ဘေးထက် လျော့နည်းဖွယ် မရှိပါဘူး။ ဒီသက်ရောက်မှုတွေဟာ ရာစု၊ ဆယ်စုနှစ်တွေ ကြာမှာ မဟုတ်ပါဘူး။ လာမယ့်နှစ်တွေအတွင်း ဖြစ်ပေါ်လာပါလိမ့်မယ်။ ဒီကနေ့ မြန်မာနိုင်ငံဟာ ဥတုဘေး အရေးပေါ်အခြေအနေ (Climate Emergency) ကို ရင်ဆိုင်နေရပါပြီ။ …

ကမ္ဘာကြီးဟာ အခုရာစုနှစ်လယ်မှာ ၂ ဒီဂရီစင်တီဂရိတ် ပူနွေးလာခဲ့တယ်ဆိုရင်တောင် မြန်မာနိုင်ငံဟာ ဖွတ်ဖွတ်ညက်ညက် ကြေသွားနိုင်ပါတယ်။

နာဂစ်လိုမျိုး ပြင်းထန်တဲ့မုန်တိုင်းတွေ၊ ပြင်းထန်တဲ့ လေပြင်းမုန်တိုင်းတွေ ဖြစ်ပွားတဲ့အကြိမ်ရေ များလာပါလိမ့်မယ်။ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာပြီး ရလဒ်အနေနဲ့ ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသအောက်ပိုင်းနဲ့ ရန်ကုန်မြို့အနီး အပါအဝင် ပင်လယ်ကမ်းရိုးတန်းဒေသ အတော်များများ ရေအောက်ကို လုံးဝ မြုပ်သွားပါလိမ့်မယ်။ မခံမရပ်နိုင်လောက်အောင် အပူချိန်လွန်ကဲမှုတွေဟာ တနှစ်ကို ရက်သတ္တပေါင်းများစွာတင်မကဘဲ လပေါင်းများစွာ ဖြစ်ပေါ်လာပါလိမ့်မယ်။

အပူချိန်လွန်ကဲတာ၊ မိုးခေါင်တာတွေသာမက အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေ ဖြစ်ပွားလာတဲ့အတွက် မြန်မာနိုင်ငံရဲ့ မိုးနည်းဒေသနဲ့ ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသတွေမှာ စားသုံးသီးနှံ စိုက်ပျိုးလို့မရအောင် ဖြစ်ပေါ်လာနိုင်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ တိရစ္ဆာန်မျိုးစိတ်တွေ ပျောက်ကွယ်သွားပါလိမ့်မယ်။ ရောဂါအသစ်တွေလည်း ပြန့်ပွားလာပါလိမ့်မယ်။

ကမ္ဘာ့အပူချိန် ၄ ဒီဂရီလောက် မြင့်တက်လာရင်တော့ မြန်မာနိုင်ငံ ဒေသအတော်များများမှာ လူနေထိုင်လို့ မဖြစ်နိုင်တော့ပါဘူး။ ဧရာဝတီမြစ်ဝကျွန်းပေါ်သာမက ရခိုင်ပြည်နယ်တခုလုံးနီးပါး ရှိနိုင်တော့မှာ မဟုတ်ပါဘူး။ ရန်ကုန်မြို့ဟာ ကျွန်းတခုအဖြစ်သာ ကျန်ခဲ့ပါလိမ့်မယ်။

မြန်မာနိုင်ငံရဲ့ အလယ်ဗဟိုဒေသဟာ လူသားတွေနဲ့ တိရစ္ဆာန်အများစု နေထိုင်လို့မရအောင် ပူပြင်းနေပါလိမ့်မယ်။ သန်းပေါင်းများစွာသော လူထု ရွှေ့ပြောင်းအခြေချမှုတွေ ဖြစ်လာပါမယ်။ အခုရာစု မကုန်ခင်၊ အခုလူငယ်တွေရဲ့ သက်တမ်းအတွင်းမှာပဲ အပူချိန် ၄ ဒီဂရီမြင့်လာတာကို ကြုံရပါလိမ့်မယ်။

ဒေါက်တာ သန့်မြင့်ဦးသည် အထက်ဖော်ပြပါ သုံးသပ်ချက်ကို ၂၀၁၉ ခုနှစ် ဇွန် ၂၂ ရက် ISP Myanmar က ပြုလုပ်ခဲ့သော ယောမင်းကြီးဇရပ် စကားဝိုင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...