ရန်ကုန်မှာ မိုးကြီးရင် ရေလျှံတတ်တဲ့ လမ်းတွေကို ရှောင်ချင်သူတွေအတွက်

Local News
ရန်ကုန်မှာ မိုးကြီးရင် ရေလျှံတတ်တဲ့ လမ်းတွေကို ရှောင်ချင်သူတွေအတွက်

ရန်ကုန်မှာ မိုးကြီးရင် ရေလျှံတတ်တဲ့ လမ်းတွေကို ရှောင်ချင်သူတွေအတွက် သိသလောက် စာရင်းပြုစုပေးလိုက်ပါတယ်။

၁။ ကမ်းနားလမ်းတလျှောက်ရှိ အောက်ဆုံးဘလောက်မှလမ်းများ။ (မိုးသည်းချိန်နှင့် မြစ်ရေတက်ချိန်ဆုံလျှင် ပိုဆိုးပါသည်)
၂။ ရန်ကုန်မြို့လည်ခေါင် ဆူးလေဘုရားတဝိုက်
၃။ ဗိုလ်အောင်ကျော်လမ်း ဝန်ကြီးများရုံးအောက်ဖက်
၄။ တာမွေ Ocean Centre တစ်ဝိုက်
၅။ မိုးကောင်းဘုရားလမ်း (သစ္စာလမ်းနှင့် အောင်ဇေယျလမ်းကြား)

၆။ အောင်ဇေယျလမ်း ( မိုးကောင်းလမ်းနှင့် ဝေဇယန္တာ လမ်းကြား)
၇။ ဝေဇယန္တာလမ်း ( ပါရမီ မီးပွိုင့်အနီး)
၈။ ဗြဟ္မစိုလ်လမ်း ( ဝေဇယန္တာနှင့် သုမင်္ဂလာလမ်းကြား)
၉။ မြောက်မြင်းပြိုင်ကွင်းလမ်း
၁၀။ ရန်ကင်းလမ်း (Golden City Condo ရှေ့)

၁၁။ ကမ္ဘာအေးဘုရားလမ်း (အင်းယားလိပ်ဟော်တယ် အနီး)
၁၂။ ‌စမ်းချောင်းလမ်း (ရှမ်းလမ်းဖက်)
၁၃။ ဆီဆုံလမ်း(ရှမ်းလမ်းဖက်)
၁၄။ ပြည်လမ်း (အင်းယားကန်‌ဘောင် တံတားဖြူရှေ့)
၁၅။ အောင်သိဓ္ဒိလမ်း (မရမ်းကုန်း) မင်းဓမ္မနှင့် အင်းစိန်လမ်းကြား

၁၆။ အရှေ့ကြို့ကုန်းလမ်း (မင်းဓမ္မနှင့် အင်းစိန်လမ်းကြား )
၁၇။ သမိုင်းလမ်းနှင့် ဘုရင့်နောင်လမ်းဆုံ
၁၈။ ဘုရင့်နောင်ပွဲရုံ အချို့လမ်းများ
၁၉။ ပုလဲလမ်းဆုံနဲ့ တညင်းဂုန်းလမ်းဆုံ
၂၀။ ၁၄ လမ်းဆုံ (ခရေပင်နဲ့ စက်မှု)

၂၁။ ဝေဇယန္တာလမ်းက သစ္စာလမ်းမီးပွိုင့်မှရတနာလမ်းထိ
၂၂။ ဝေဇယန္တာလမ်း (ပါရမီ မီးပွိုင့်အနီးနဲ့ အသင်းတိုက် မှတ်တိုင်ပွိုင့်နား)
၂၃။ ဗြဟ္မစိုလ်လမ်း (ဝေဇယန္တာနှင့် သုမင်္ဂလာလမ်းကြား)
၂၄။ သစ္စာလမ်းနဲ့ သုမင်္ဂလာလမ်းထောင့်
၂၅။ အင်းစိန်ပန်းခြံ တံတားအဆင်းစော်ဘွားကြီးကုန်းဘက်

၂၆။ အင်းစိန် လမ်းသစ်လမ်း
၂၇။ မြန်မာ့ဂုဏ်ရည်လမ်းနဲ့ သိမ်ဖြူလမ်း
၂၈။ ကန်တော်ကြီးပတ်လမ်း
၂၉။ အင်းယားမြိုင်လမ်း အတွင်း စုပေါင်းလမ်းထိပ်မှ EMPS ကျောင်းနားအထိ မိုးများရင် ရေကြီးတတ်
၃၀။ လေးထောင့်ကန်လမ်းမီးပွိုင့်ကနေ သုဝဏ္ဏတံတားဘက်အတက် ES4E ကျောင်းနားနဲ့ သုဝဏ္ဏ အားကစားကွင်းဝင်ပေါက်ဘက်တလျှောက်

၃၁။ ပြည်လမ်း (စော်ဘွားကြီးကုန်း)
၃၂။ ဗဟိုလမ်း မုဒိတာနှင့် ခဝဲခြံကြား
၃၃။ သမိုင်းလမ်းဆုံ ကနေ ကျိုက်ဝိုင်းဘုရားလမ်းဘက်တလျှောက်
၃၄။ ရဲရင့်အောင် မှတ်တိုက်မှ သမိုင်းလမ်းဆုံထိ
သိသလောက်နဲ့ ကြုံဖူးသလောက်ပါ။ အခြားမြို့နယ်တွေနဲ့ လမ်းတွေ ကျန်နိုင်ပါသေးတယ်။ အချို့နေရာတွေမှာ ရေမြောင်းတူးဖေါ်တိုးချဲ့မှုတွေကြောင့် အပြောင်းအလဲ ဖြစ်နိုင်ပါတယ်။

မိုးရွာသွန်းမှု ကြာမြင့်ချိန်နဲ့ ရေပါရင်ပါသလို လမ်းပေါ်ရေတက်တဲ့ အမြင့်နဲ့ ရေတင်နေတဲ့အချိန် အနည်းအများရှိနိုင်ပါတယ်။ လပြည့်ကျော် ၃ ရက်လိုမျိုး ရေထရက်တွေမှာ မိုးများရင် ရေတော်တော်နဲ့ ပြန်မကျပဲ ရေတင်ချိန် ပိုကြာတတ်ပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...