ရန်ကုန်၌ ရေကြီးရေလျှံခြင်းများ ဆက်လက်ဖြစ်ပေါ်

Local News
ရန်ကုန်၌ ရေကြီးရေလျှံခြင်းများ ဆက်လက်ဖြစ်ပေါ်

ရန်ကုန်တိုင်းအတွင်း မိုးဆက်တိုက်ရွာသွန်းနေခြင်းကြောင့် ယနေ့ (အောက်တိုဘာ ၂၂ ရက်) တွင် မြို့နယ်တချို့၌ ရေကြီးရေလျှံခြင်းများ ဆက်လက်ဖြစ်ပေါ်လျက်ရှိကြောင်း ရပ်ကွက်နေပြည်သူများထံမှသိရသည်။

ရွှေပြည်သာ၊ အင်းစိန်၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ သာကေတ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း၊ မြောက်ပိုင်း၊ တောင်ပိုင်း)၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ မြောက်ဥက္ကလာပ၊ ကမာရွတ်၊ ဒလ၊ သန်လျင်၊ သင်္ဃန်းကျွန်း၊ မှော်ဘီ၊ ထန်းတပင် စသည့်မြို့နယ်များရှိ ရပ်ကွက်နေရာတချို့တွင် ရေကြီးရေလျှံခြင်းများဖြစ်ပေါ်နေကြောင်း သိရသည်။


ဝန်းရံမှူးလူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက “ရေကတက်တာတော့ အကုန်တက်နေတာ။ မြောက်ဒဂုံ၊ အရှေ့ဒဂုံ၊ ဒဂုံ(ဆိပ်ကမ်း) အကုန်ပဲ။ အိမ်တွေထဲကို ရေဝင် အဲဒီလိုတွေဖြစ်နေတာ။ အခုက ဒဂုံပတ်ချာလည်ဖြစ်နေတာ” ဟု စံတော်ချိန်ဒစ်ဂျစ်တယ်သို့ ပြောသည်။

ယမန်နေ့ (အောက်တိုဘာ ၂၁ ရက်) နံနက်ပိုင်းတွင်လည်း မရမ်းကုန်း၊ လသာ၊ အင်းစိန်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ရွှေပြည်သာ၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ၊ လှိုင်နှင့် သာကေတ တို့ရှိရပ်ကွက်များထဲတွင် ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်ခဲ့ပြီး တချို့နေရာများတွင် လေပြင်းတိုက်ခတ်ခြင်းကြောင့် အိမ်အမိုးများပျက်စီးခဲ့ကြောင်း သိရသည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...