ရေကြီးရေလျှံခြင်းများကြောင့် တစ်လကျော်ကြာပိတ်ထားရသည့် ညောင်ရွှေစျေးပြန်ဖွင့်

Local News
ရေကြီးရေလျှံခြင်းများကြောင့် တစ်လကျော်ကြာပိတ်ထားရသည့်
ညောင်ရွှေစျေးပြန်ဖွင့်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်းလေးဒေသ ညောင်ရွှေမြို့နယ်၌ ရေကြီးရေလျှံခြင်းများကြောင့် တစ်လကျော်ကြာပိတ်ထားရသည့် ညောင်ရွှေစျေးအား ယနေ့(အောက်တိုဘာ ၁၄ ရက်) မှ စတင်ကာ ပြန်လည်ဖွင့်လှစ်ထားကြောင်း နမ့်လက်ဖောင်ဒေးရှင်းထံမှသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်တွင် ညောင်ရွှေမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းခြင်းနှင့် တောင်ကျရေများကျဆင်းခြင်းကြောင့် ရေကြီးရေလျှံခြင်းများဖြစ်ပေါ်ကာ ညောင်ရွှေစျေးအား ယာယီပိတ်ထားခဲ့ခြင်းဖြစ်သည်။

“ညောင်ရွှေစျေးကို ရေကြီးလို့ပိတ်ထားခဲ့တာ။ အခုဆို တစ်လကျော်ပါပြီ။ ကုန်းပိုင်းတွေ တော်တော်များများလည်း ရေမရှိတော့ပါဘူး။ လက်ရှိ ညောင်ရွှေစျေးမှာလည်း ရေမရှိတော့ဘူး။ ဒါကြောင့် စျေးကို မနေ့က သန့်ရှင်းရေးတွေလုပ်ပြီး ဒီနေ့ပြန်ဖွင့်ပေးလိုက်တာ”ဟု နမ့်လက်ဖောင်ဒေးရှင်မှ တာဝန်ရှိသူတစ်ဦးက စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။

ယင်းဈေးထဲတွင် ဟင်းသီးဟင်းရွက်၊ သစ်သီး၊ ပဲအမျိုးမျိုး၊ လက်ဖက်ခြောက်၊ ဒေသထွက်ရိုးရာ အစားအစာများ၊ ဝက်သားချဉ်၊ ငါးထမင်းနယ်၊ အင်းမုန့်တီ၊ ကောက်ညှင်းကြည်ထောက်၊ မုန့်ကြွပ်ပါး၊ တိုဖူးသုပ်၊ တိုဖူးကြော် နှင့်ရှမ်းဒေသထွက်ကုန်များကို ရောင်းချကြောင်းသိရသည်။

အင်းလေးဒေသတွင် ရေကြီးရေလျှံခြင်းများကြောင့် ကျေးရွာ ၁၇၀ ကျော် ရေနစ်မြုပ်ခဲ့ပြီး ဒေသခံ ၁၉ ဦးအထိသေဆုံခဲ့ကြောင်းသိရသည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...