ထွက်ရပ်ပေါက်သည်အထိ_အကျိုးထူးပေးနိုင်သော မူရင်းရှင်အရဟံရဲ့ ပုတီးစိတ်နည်းအပြည့်အစုံ{ ၇ } ဂါထာ

Astrology Religion
ထွက်ရပ်ပေါက်သည်အထိ_အကျိုးထူးပေးနိုင်သော
မူရင်းရှင်အရဟံရဲ့ ပုတီးစိတ်နည်းအပြည့်အစုံ{ ၇ } ဂါထာ

ရှင်အရဟံ အရှင်မြတ်၏ မူရင်း ရှင်အရဟံပုတီးစိပ်နည်း အပြည့်အစုံသည်{ ၇ }ဂါထာရှိသည်။
အလွန်အစွမ်းထက်သောကြောင့် ထွက်ရပ်ပေါက်သည်အထိ အကျိုးပေးနိုင်သောကြောင့် ထွက်ရပ်လမ်းလိုက်စားသူများပြားလွန်းသောကြောင့် ရှင်အရဟံ အရှင်သူမြတ်က{ ၂ }ဂါထာကို ပယ်ဖြုတ်ခဲ့ပါတယ်။

{ ၂ }ဂါထာဖြုတ်ထားသော လူအများရွတ်ဖတ်ပူဇော်နေကြသော ရှင်အရဟံ{ ၅ }ဂါထာသည်ပင် အင်မတန် အစွမ်းထက်ပါသေးသည်။
ဂါထာအပြည့်အစုံဆိုလျှင်ကား အတိုင်းထက်အလွန်ပင် ဖြစ်ချေ၏။
ရှင်အရဟံ ပုတီးစိပ်နည်းအပြည့်အစုံကိုပုတီးစိပ်နည်းစာအုပ် ၃အုပ် ၄အုပ်နှင့် အင်တာနက်တွင် တင်ထားသည်ကို တွေ့မိသော်လည်း အများစုမှာ စာလုံးပေါင်းအမှားအယွင်းများ ဖြစ်သောကြောင့် ရွတ်ဖတ်အားထုတ်သူတို့ အကျိုးများစေရန် ဆရာကြီးမင်းသူရိန်စာအုပ်မှ ဖတ်ဖူးသည့်အတိုင်း ဓမ္မဒါနပြန်လည် မျှဝေအပ်ပါသည်။

ရှင်အရဟံ ပုတီးစိပ်သည် အလွန်အစွမ်းထက်သောကြောင့် နေ့စဉ် အခေါက်ရေသက်စေ့စိပ်ပါက ဘေးရန်ကင်းခြင်း၊ စီးပွားရေးအဆင်ပြေခြင်း၊ အဆင်ပြေခြင်း၊ လူချစ်လူခင်ပေါခြင်း ၊ အသက်ရှည် ကျန်းမာခြင်း၊ အရွယ်နုပျိုခြင်း စသော အကျိုးများကို ရရှိစေပါသည်။

ရှင်အရဟံဂါထာ အပြည့်အစုံသည် ပါရမီ ပါ၍ အထူးကြိုးစားသူတို့အား ထွက်ရပ်ပေါက်စေနိုင်သည် အထိအကျိုးပေးနိုင်ပါသည်။
ထို့ပြင် ဤပုတီးစိပ်သည် ဗုဒ်ဓါနုူတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိ ကို ပွားများပြီးဖြစ်သကဲ့သို့ ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ အနိစ္စ-မမြဲခြင်း သဘော၊ ဒုက္ခ-ဆင်းရဲခြင်း သဘော၊ အနတ္တ-အစိုးမရခြင်း သဘောတို့ကို ပွားများပြီးလည်း ဖြစ်ပါသည်။

သရဏဂုံဆောက်တည်ရာလည်းရောက် ဝိပဿနာပွားများရာလည်းရောက်သော ရှင်အရဟံပုတီးစိပ်နည်းကို ဖော်ပြလိုက်ပါတယ်။ အနက်အဓိပ္ပါယ်ကိုနှလုံးသွင်းပြီး နေ့စဉ်စွဲမြဲစွာ ရွတ်ဖတ်အားထုတ်ကြပါ။

( မူရင်းရှင်အရဟံ ပုတီးစိပ်အပြည့်အစုံ{ ၇ }ဂါထာ)

၁။ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ၊ နာမရူပံ အနိစ်စံ ဒုက်ခံ အနတ်တာ။
၂။ ဓမ်မံ သရဏံ ဂစ်ဆာမိ၊ နာမရူပံ အနိစ်စံ ဒုက်ခံ အနတ်တာ။
၃။ သံဃံ သရဏံ ဂစ်ဆာမိ၊ နာမရူပံ အနိစ်စံ ဒုက်ခံ အနတ်တာ။
၄။ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ၊
ဓမ်မံ သရဏံ ဂစ်ဆာမိ၊
သံဃံ သရဏံ ဂစ်ဆာမိ။
နာမရူပံ အနိစ်စံ ဒုက်ခံ အနတ်တာ။

၅။ စက်ကဝါဠသေု အန်နတဿ၊
အာကာသေ အနန္တေ တထာ၊
သတ်တနိကာ အနန်တာစ၊
သမ်ဗုဒ်ဓေ ဉာဏ အနန်တာ။

၆။အနန်တံ ဗလဝံ ဗုဒ်ဓံ၊ အနန်တံ ဂေါစရံ ဓမ်မံ၊ အနန်တံ အရိယံ သံဃံ၊ အနန်တံ ဗောဓိမုတ်တမံ။
၇။ အာဂစ္ဆေယျ သဗ္ဗေဒေဝါ၊
အာယု ဝဏ္ဏော သုခံ ဗလံ၊
သဗ္ဗသိဒ္ဓိ မဟိဒ္ဓိကာ၊
ဇယ တဇေ ဒသဒိသာ၊
ဘဝတု မမ သဗျဗဒါ။

( မြန်မာပြန်)

၁။ မြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ်ပါ၏။
နာမ်ရုပ်သည် မမြဲ၊ နာမ်ရုပ်သည် ဆင်းရဲ၏၊ နာမ်ရုပ်သည် အစိုးမရပါတကား။
၂။ တရားတော်ကို ကိုးကွယ်ဆည်းကပ်ပါ၏။
နာမ်ရုပ်သည် မမြဲ၊ နာမ်ရုပ်သည် ဆင်းရဲ၏၊ နာမ်ရုပ်သည် အစိုးမရပါတကား။
၃။သံဃာတော်မြတ်ကို ကိုးကွယ်ပါ၏။
နာမ်ရုပ်သည် မမြဲ၊ နာမ်ရုပ်သည် ဆင်းရဲ၏၊ နာမ်ရုပ်သည် အစိုးမရပါတကား။
၄။- ဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်ပါ၏။
– တရားတော်ကို ကိုးကွယ်ဆည်းကပ်ပါ၏။
– သံဃာတော်မြတ်ကို ကိုးကွယ်ဆည်းကပ်ပါ၏။
နာမ်ရုပ်သည် မမြဲ၊ နာမ်ရုပ်သည် ဆင်းရဲ၏၊ နာမ်ရုပ်သည် အစိုးမရပါတကား။

၅။ စကြဝဠာသည် အဆုံးအပိုင်းအခြားမရှိကျယ်ပြန့်၏။
ထို့အတူ အာကာသသည် အဆုံးအပိုင်းအခြားမရှိ။
သတ္တဝါတို့၏လောကသည်လည်း အဆုံးအပိုင်းအခြားမရှိ။
မြတ်စွာဘုရား ၏ သဗ္ဗညုတဉာဏ်တော်သည်လည်း အဆုံးအပိုင်းအခြားမရှိ ကြီးကျယ်လှ၏။

၆။အားတော်ဆယ်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည်၊ အဆုံးအပိုင်းအခြား ရှိတော်မမူသော တန်ခိုးတော်တည်း။
– မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့၏ အာရုံဖြစ်သော နိဗ္ဗာန်သည် အဆုံးအပိုင်းအခြားရှိတော်မမူသော
တန်းခိုးတော်တည်း။
– အရိယာသံဃာတော်မြတ်သည် အဆုံးအပိုင်းအခြား ရှိတော်မမူသော
တန်ခိုးတော်တည်း။
-ဗောဓိပက္ခိယတရားတော်များသည် အဆုံးအပိုင်းအခြားမရှိ မြင့်မြတ်ပါပေ၏။

၇။ အလုံးစုံကုန်သော နတ်တို့သည်လည်းကောင်း အလုံးစုံကုန်သော သိဒ္ဓိရှင် မဟိဒ္ဓိရှင်အပေါင်းတို့သည် လာရောက်ကြကုန်သည်ဖြစ်၍ အသက်ရှည်ခြင်း၊အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်းတို့ကို ပေးကြပါစေသတည်း။ ငါ့အားအရပ်ဆယ်မျက်နှာမှ အောင်ခြင်းမင်္ဂလာအဖြာဖြာသည် အခါခပ်သိမ်းဖြစ်ပါစေသတည်း။
ဤကဲ့သို့ အဓိပ္ပါယ်ကိုနှလုံးသွင်းပြီး ပါဠိကို အစအဆုံး ရွတ်ဆိုပြီးမှ ပုတီးတလုံးချ၍ စိပ်ရပါသည်။ နေ့စဉ် အခေါက်ရေ သက်စေ့ သို့မဟုတ် သက်စေ့ထက် တစ်ခေါက်ပိုရွတ်ပါ။ တစ်နေ့{ ၁၀၈ }ခေါက်ရွတ်နိုင်ပါက အထူးကောင်းမွန်ပါသည်။
Credit

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...