လောကကြီးကို စောင့်ရှောက်နေကြကုန်သော နတ်မင်းကြီး(၄)ပါး။

Astrology Religion
လောကကြီးကို စောင့်ရှောက်နေကြကုန်သော နတ်မင်းကြီး(၄)ပါး။

၁။ ကုဝေရနတ်မင်းကြီး၊ ဘီလူးပြည်၊ မြောက်အရပ်။
၂။ ဓတရဋ္ဌနတ်မင်းကြီး၊ ဂန္ဓဗ္ဗပြည်၊ ရှေ့အရပ်။
၃။ ဝိရူဠနတ်မင်းကြီး၊ ကုမ္ဘဏ်ပြည်၊ တောင်အရပ်။
၄။ ဝိရူပက္ခနတ်မင်းကြီး၊ နဂါးပြည်၊ နောက်အရပ်။

Buddha’s law
ကျမအနေနဲ့
အထက်ပါ နတ်မင်းကြီးလေးပါးအကြောင်းဖတ်ရင်း
လွန်ခဲ့တဲ့ ၈နှစ်ကျော်ကတည်းက
အရပ်လေးမျက်နှာ၊ အရပ်ရှစ်မျက်နှာမှာရှိသော
အစောင့်အရှောက်တွေကို မေတ္တာပို့၊ မေတ္တာ ခံယူမှုလေး ဘုရားရှိခိုးတိုင်းမပြတ်ပြုလုပ်ခဲ့ပါတယ်။

အရပ်လေးမျက်နှာကတော့ တိကျစွာသိခဲ့ရလို့ပြန်လည်မျှဝေပေးလိုက်ပါတယ်။
အရပ်ရှစ်မျက်နှာရဲ့ အစောင့်အရှောက်တွေကို အမှန်သိအောင်ကြိုးစားပြီးမှ ပြန်လည်မျှဝေပေးပါမယ်ရှင့်။

အကြင်အရပ်မျက်နှာတို့ ၌ အန္တရာယ်ကိုပြုတတ်သော ခြေမရှိသော သတ္တဝါ၊ ခြေ နှစ်ချောင်းရှိသော သတ္တဝါ၊ ခြေလေးချောင်းရှိသော သတ္တဝါ၊ ခြေများစွာရှိသော သတ္တဝါတို့သည် အကြှနျုပျအား အန္တရာယ် တစ်စုံတစ်ရာ မပြု နိုင်အောင်၊ မကောင်းမကြံစည်နိုင်အောင် ၊ ကြီးနိုင်ငယ်ညှင်း မပြုနိုင်အောင် အကျွနုပ်သည် နဂါး၊ ဂဠုန်၊ ကုမ္ဘဏ်၊ ယက္ခ၊ ဂန္ဓဗ္ဗ နှင့် သိကြား၊ ဗြဟ္မာ၊ နတ်ဒေဝါတို့၏ အစောင့်အရှောက်နှင့် မေတ္တာဓာတ်ကို ညဉ့်အခါ နေ့အခါ နှင့် အခါခပ်သိမ်း ခံယူပါ၏။

အကျွနုပ်မှလည်း နဂါး၊ ဂဠုန်၊ ကုမ္ဘဏ်၊ ယက္ခ၊ ဂန္ဓဗ္ဗ နှင့် သိကြား၊ ဗြဟ္မာ၊ နတ်ဒေဝါ တို့အား ရင်မှလာသော မေတ္တာဓာတ်ဖြင့် မေတ္တာပို့သ အပ်ပါ၏။
အကျွနု်ပ်၏ သံသရာအဆက်ဆက်မှ ကောငျးမှုကုသိိုလျအပေါငျးကိုလညျး မျှဝေပါ၏။

အကြှနျုပျ၏ မေတ္တာဓာတ်ကို လက်ခံယူကြပါကုန်လော့။ အကြှနျုပျပေးဝသေော ကုသိုလ် အမျှကိုလည်း သာဓု ခေါ်ဆိုနိုင်ကြပါစေသတည်း။
အကျွန်ပ်သည် အရှေ့ အရပ်မျက်နှာမှ ကြီးသော တန်ခိုးရှိကုန်သော ဂန္ဓဗ္ဗ နတ်မင်းတို့ နှင့် အရှေ့ အရပ်ကို အစိုးရသော ဓတရဌ နတ်မင်းကြီး၏ အစောင့်အရှောက်နှင့် မေတ္တာဓာတ်ကိုခံယူပါ၏။

အကျွနု်ပ်သည် တောင်အရပ်မျက်နှာမှ ကြီးသော တန်ခိုးရှိကုန်သော ကုမ္ဘဏ်နတ်တို့နှင့် တောင်အရပ်ကို အစိုးရသော ၀ိရူဠက နတ်မင်းကြီး၏ အစောင့်အရှောက်နှင့် မေတ္တာဓာတ်ကို ခံယူပါ၏။

အကျွနု်ပ်သည် အနောက်အရပ်မျက်နှာမှ ကြီးသော တန်ခိုးရှိကုန်သော နဂါးတို့နှင့် အနောက်အရပ်ကို အစိုးရသော ၀ိရူပက်ခ နတ်မင်းကြီး၏ အစောင့်အရှောက်နှင့် မေတ္တာဓာတ်ကို ခံယူပါ၏။

အကျွနု်ပ်သည်မြောက်အရပ်မျက်နှာမှ ကြီးသောတန်ခိုးရှိကုန်သော ယက္ခဘီလူးတို့နှင့် မြောက်အရပ်ကို အစိုးရသော ကုဝေရ နတ်မင်းကြီး၏ အစောင့်အရှောက်နှင့် မေတ္တာဓာတ်ကို ခံယူပါ၏။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...