နောင်ပွင့်တော်မူမည့် ဘုရား(၁၀)ဆူတွင် အရိမေတ္တေယျဘုရားမှ စတွက်ပါက (၆)ဆူမြောက်ဘုရားလောင်းသည် မိမိဖြစ်သည်ဟု မိုင်းဖုန်းဆရာတော်မိန့်

Religion
နောင်ပွင့်တော်မူမည့် ဘုရား(၁၀)ဆူတွင် အရိမေတ္တေယျဘုရားမှ စတွက်ပါက (၆)ဆူမြောက်ဘုရားလောင်းသည် မိမိဖြစ်သည်ဟု မိုင်းဖုန်းဆရာတော်မိန့်

နောင်ပွင့်တော်မူမည့် ဘုရား(၁၀)ဆူတွင် အရိမေတ္တေယျ မြတ်စွာဘုရားမှ စတင်ရေတွက်ပါက (၆)ဆူမြောက် ရံသိမုနိ မြတ်စွာဘုရားလောင်းသည် အဘယ်သို့သော် ပုဂ္ဂိုလ်ဖြစ်နေပါလိမ့်မည်နည်း။

မိုင်းဖုန်းဆရာတော်ဘုရားကြီး ထိုင်းနိုင်ငံ မိုင်းငေါင်းဂူ၌ ပထမအကြိမ် (၃)နှစ် (၃)လ (၃)ရက် အဓိဋ္ဌာန်ထွက်သည့်အချိန်တွင် ဟော ကြားခဲ့သည့် တရားတော်အား ဘာသာပြန်ဆိုတင်ပြပေးလိုက်ပါတယ်။

“သုံးနှစ် သုံးလ သုံးရက် ဘာဝနာပွားများလာတာ ဘာတစ်ခုမှ မရသေးဘူး။ ဘာတစ်ခုမှ မမြင်သေးဘူး။ တရားဓမ္မပဲ တွေ့တယ်။ ကိုယ့်ကိုယ်ကိုယ်ပဲ တွေ့တယ်၊ လောကပဲတွေ့တယ် နာမ်ပဲတွေ့တယ် သင်္ခါရပဲတွေ့တယ် ဘာတစ်ခုမှ မအောင်မြင်သေးဘူး။ စူဠသောတပန် သကဒါဂါမ် အနာဂါမ် ရဟန္တာ မအောင်မြင်သေးဘူး။ ဘာတစ်ခုမှ မအောင်မြင်သေးဘူး၊ တရားဓမ္မပဲ တွေ့ရတယ်၊ သံဝေဂရတယ်၊ စိတ်ကို ပိုပြီးကောင်းမွန်လာအောင် ထိန်းနိုင်တယ်။ မိမိရဲ့အကျင့်စရိုက်ကို ပြောင်းရတယ်၊ မိမိကိုယ်ကို လေ့ကျင့်ရတယ်။ မိမိကိုယ်ကို မလေ့ကျင့်တဲ့သူက အသက်တစ်ရာရှိနေလည်း သေသူနဲ့ အတူတူပါပဲ။

ငါ မိုင်းဖုန်းဆရာတော်က နောင်တစ်ချိန်မှာ “ရံသိမုနိ”ဘုရားတစ်ဆူ ဖြစ်မယ်၊ အရိမေတ္တယျ မြတ်စွာဘုရားကနေ ရေတွက်ရင် ခြောက်ဆူမြောက်ဖြစ်မယ် ကြာဦးမယ်၊
အခုချိန်မှာ ဆုပ်ခေတ်ဖြစ်တယ်၊ အများစု အကုသိုလ်စိတ်ဖြစ်တဲ့သူက နှစ်ပုံရှိတယ်၊ ကုသိုလ်စိတ်ဖြစ်တဲ့သူက တစ်ပုံပဲ ရှိတယ်။ တစ်ပုံတောင်မှ နည်းတယ်၊ ငရဲသွားတဲ့သူက အရမ်းများတယ်၊ တိရစ္ဆာန်မွေး နွားမွေးသလိုပဲ၊ နိဗ္ဗာန်သွားတဲ့သူက နွားချိုလောက်ပဲ ရှိတယ်၊ အဲ့ဒါကြောင့် မလွယ်ကူဘူး၊ လူတိုင်းမှာ ဗောဓိ စိတ်ရှိတယ် ပြုလုပ်နိုင်တယ်၊ ဓမ္မကိုမြင်တဲ့ မျက်စိက လူတိုင်းမှာ ရှိတယ်။

ပါရမီ အခြေခံက လူတိုင်းမှာ ရှိပြီးသား၊ ကြိုးစားပြီး အတိတ်ဘဝများစွာက မိမိ ပါရမီ ပွားများခဲ့တဲ့အရာတွေကို ပြန်ပြီးနှိုးဆွပါ။ ဒါန သီလ နိက္ခမ ပညာ ဝီရိယ ခန္တီ သစ္စာ အဓိဋ္ဌာန် မေတ္တာ ဥပေက္ခာပါရမီ၊ အကုန်လုံးက ပါရမီရှိတယ် ဗောဓိစိတ် ရှိတယ်။ ဒါပေမဲ့ အသုံးမပြုတတ်ကြဘူး မမြင်တတ်ဘူး။

ငှက်လေးလို အာကသမှာ ပျံနေပေမဲ့ အာကသမှန်း မသိဘူး။ ငါးက ရေထဲမှာ နေတယ် ရေမတွေ့ဘူး။ တီကောင်က မြေကြီးမှာနေပြီး မြေကြီးကိုစားတယ်။ ဒါပေမဲ့ မြေကြီးကို မတွေ့ဘူး။ လူတွေက ဒုက္ခနဲ့နေတယ် ဒုက္ခမှန်း မသိကြဘူး။ ဒီလောကကြီးမှာ ဒုက္ခကလွဲရင် ဘာမှမရှိဘူး။ မေ့မနေကြနဲ့ ဒကာဒကာမအပေါင်းတို့ မကြာခင်မှာ သေပြီး ခွဲခွာကြရမယ်။ ဒီလောကကြီးထဲမှာ ဘယ်သူမှ ကြီးမနေဘူး၊ ရုပ် နာမ်က မတည်မြဲဘူး ဒုက္ခဖြစ်တယ် မတည်မြဲတဲ့ အရာတိုင်းက ဒုက္ခပဲ၊ ဒုက္ခဆိုတဲ့အရာက ကိုယ်ထိန်းချုပ်လို့ မရဘူး။ မမွေးခိုင်းလည်း မွေးတယ်။ မအိုခိုင်းလည်း အိုတယ်။

မနာခိုင်းလည်း နာတယ်။ မသေခိုင်းလည်း သေတယ်။ သူဋ္ဌေးဖြစ်လည်း သေတာပဲ။ ဘုရင်လည်း သေတာပဲ။ သူတောင်းစားလည်း သေတာပဲ။ လူကောင်း နာမည်ကြီးတဲ့သူလည်း အတူတူ သေရတာပဲ။ အဲ့ဒါကြောင့် မသေခင် အသက် ခန္ဓာ ရုပ် နာမ် ဝင်လေ ထွက်လေ ရှိနေတုန်းမှာ မမေ့မလျှော့ပါနဲ့။

မွေးလာပြီး ရတနာသုံးပါးနဲ့ မြတ်စွာဘုရားသာသနာနဲ့ လာကြုံတွေ့နေတုန်း အချိန်မှာ အလကားမဖြစ်စေနဲ့။ မွေးလာရကျိုး မဆုံးရှုံးစေနဲ့ ။ မွေးလာပြီး အလဟဿ မဖြစ်စေနဲ့။ မွေးလာပြီး ရန်မဖြစ်ကြနဲ့။ မွေးလာပြီး အကုသိုလ်တွေ ဝဋ်တွေမပြုလုပ်ကြနဲ့။ လောကမှာ မွေးပြီး သေနေရတာ မဆုံးနိုင်ဘူး။ အဲ့ဒါကြောင့် အသက်ကို မမေ့လျှော့ပါနဲ့။ စိတ်ကောင်းရှိပါ ကောင်းတဲ့စကား ကောင်းတဲ့အလုပ်ပဲ လုပ်ပါ။ လူဖြစ်ရင် ကောင်းတဲ့အရာ သုံးချက်ရှိရမယ်။ ကောင်းတဲ့အရာ မရှိရင် သေသွားရင် ငရဲကျမယ်။

ပြိတ္တာ တိရစ္ဆာန် သွားဖြစ်မယ်။ ဝက်တွေ ခွေးတွေ ကဏန်းတွေ ငါးတွေ ဖြစ်ပြီး သူများ အဟာရအဖြစ် နေ့တိုင်း သတ်တာ ခံနေရမယ်။ လင် ယောက်ျား မိန်းမ မြေး မြစ်တွေ ဖြစ်ကြမယ်။ ကိုယ့်ရဲ့မိတ်ဆွေ သင်္ဂဟတွေ သွယ်ဝိုက်တဲ့နည်းနဲ့ အကုသိုလ်တွေ ပြုလုပ်မိမှာဆိုးလို့။ အဲ့ဒါကြောင့် ဆရာတော်က သက်ရှိသတ္တဝါအားလုံးကို မေတ္တာထားလို ငယ်စဉ်ကတည်းက မစားဘူး။

လူဖြစ်လို့ မေတ္တာစိတ်ရှိပါ၊ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ စိတ်နဲ့ သီလရှိပါ၊ ဒီလောကမှာ ကိုယ့်ရဲ့အမြင့်မြတ်ဆုံး အားကိုးရာက ဓမ္မကလွဲပီး ဘာမှ မရှိဘူး။ အဲ့ဒါကြောင့် ဓမ္မကိုပဲ အားကိုးရာအဖြစ် ရှိပါစေ၊ နောင်မှာ သောက မဖြစ်စေနဲ့။

မြတ်စွာဘုရားက ဝေနေယျ သတ္တဝါတွေအပေါ်မှာ ကြီးမားတဲ့ မဟာကရုဏာထားရှိလို့ ကျေးဇူးတော်ကြီးမားတယ်။ မြတ်စွာဘုရားဂုဏ် ကျေးဇူးတွေက ကောင်းကင် မဟာသမုဒ္ဒရာထက် ကြီးမားလို့ ပြော ပြလို့တောင် မရဘူး။ မြတ်စွာဘုရားအဖြစ် သမ္မာသမ္ဗောဓိဉာဏ် ရရှိတာ နှစ်ပေါင်း(၂၆၀၀)ကျော် ရှိပေမဲ့ သာသနာတော်က အမြဲတမ်း သစ်လွင်နေတယ်။

ဒီ သာသနာတော်က ယောင်ဝါးဝါး သာသနာတော် မဟုတ်ဘူး။ မျက်စိပိတ် နားပိတ် သာသနာတော် မဟုတ်ဘူး။ အကြောင်းအကျိုးနဲ့ ယုံကြည်ရတာ ပညာနဲ့ယုံရတာ။ ပညာနဲ့ ဦးဆောင်ရတယ် ပညာမပါရင် နိဗ္ဗာန် သွားလို့မရဘူး၊ ခန္ဓာကလူဖြစ်ပြီး စိတ်ကတိရစ္ဆာန်ဖြစ်သ လို ခန္ဓာကလူဖြစ်ပြီး စိတ်ကပြိတ္တာဖြစ်တာလည်း ရှိတယ်။
ကံ ဝဋ်ကြွေး မျိုးစေ့ ရှိနေလို့ ခန္ဓာက မှီခိုအားထားရာ မွေးရပ်မြေ ဖြစ်တယ်။

ကိုယ်လုပ်ထားတဲ့ကံ ကောင်းသည် ဆိုးသည် ကုသိုလ် အကုသိုလ်ဖြစ်စေ အဲ့ရလဒ်အတိုင်း ခံစားစံစားရမယ်။ တိရစ္ဆာန် ဖြစ်စေ လူဖြစ်စေ နိဗ္ဗာန်မရောက်မီစပ်ကြား ဒီလောကကြီးထဲမှာ ကျင်လည် နေရသရွေ့ ဒုက္ခရော သုခပါ ကြုံတွေ့ရမယ်။
လောကဓံတရားရှစ်ပါး လာဘ်လာဘရှိမယ် လာဘ်လာဘဆုံးရှုံးမယ် ရာထူးရှိမယ် ရာထူးဆုံးရှုံးမယ် ချီးမြှောက်မယ် ကဲ့ရဲ့မယ် ချမ်းသာမယ် ဆင်းရဲမယ် လောကရဲ့ဓမ္မတာပါပဲ။ ဘယ်သူမှ ချီးမြှောက်တာတစ်ခုပဲရရှိမှာမဟုတ်ဘူး။ ဘယ်သူမှကဲ့ရဲ့တာတစ်ခုပဲ ရရှိမှာမဟုတ်ဘူး။ ဘယ်သူမှကောင်းမှု တစ်ခုတည်းလုပ်တာမရှိဘူး။ ဘယ်သူမှ မကောင်းမှုတစ်ခုတည်းလုပ်တာ မရှိဘူး။ လူတိုင်းက ကောင်းတာရော ဆိုးတာပါ လုပ်ကြတယ်

တကယ်လို့ ဗောဓိစိတ် မဖြစ်သေးဘူးဆိုရင် ယောင်ဝါးဝါး အဝိဇ္ဇာလူ ဖြစ်နေမယ်။ အဝိဇ္ဇာက ခန္ဓာဖြစ်စေတဲ့ အကြောင်းရင်းပါပဲ။ ခန္ဓာက ကုသိုလ်ပြုလုပ်ပြီး နတ်ပြည်ရောက်စေတယ် ခန္ဓာက အကုသိုလ် ပြုလုပ်ပြီး ငရဲ ပြိတ္တာ အသူရကာယ် ဖြစ်စေတယ်။

အချို့အချိန်မှာ ဆာလောင်နေတဲ့အချိန် ပြိတ္တာဖြစ်နေတယ်။ အချို့ အချိန်မှာ အကုသိုလ်ကို ရှက်ကြောက်တယ်။ အဲ့ဒါဆို နတ်ဖြစ်နေတယ်။ အမှန်တကယ် အကုသိုလ်ကို ရှက်ကြောက်နေရင် ကိုယ်က နတ်ဖြစ်နေတာပဲ။ ဗြဟ္မာစိတ်ဖြစ်နေတဲ့အချိန် မေတ္တာ ကရုဏာ မုဒိ တာ ဥပေက္ခာ အဲ့ဒီလိုစိတ်ရှိနေရင် ကိုယ်ကလူဖြစ်နေပေမဲ့ ဗြဟ္မာဖြစ်နေမယ်။ အဲ့ဒါကြောင့် စိတ်က အရေးကြီးဆုံးပဲ။ ဓမ္မတရားအားလုံးက ကြီးမြတ်တဲ့ စိတ်ဖြစ်တယ်။ ခေါင်းဆောင်စိတ် ဖြစ်တယ်။ အရာအားလုံးက စိတ်နဲ့ပဲ အောင်မြင်တယ်။ ကိုယ့်စိတ်က မကောင်းရင် ဘာလုပ်လုပ် မကောင်းဘူး။
အပြောအဆိုလည်း မကောင်းဘူး။ အလုပ်လုပ်လည်း မကောင်းဘူး။ မကောင်းတဲ့အရာ လုပ်တဲ့အတွက် မကောင်းတဲ့အရာတွေက ကိုယ့်ကို နင်းချေနေမယ်။ ဘာနဲ့တူလဲ ဆိုတော့ နွားလှည်းဘီးက နွားခြေရာကို လိုက်နင်းနေသလိုပါပဲ။

ကိုယ့်စိတ်ကကောင်းနေရင် ကောင်းတဲ့အရာကိုပြောပြီး ကောင်းတဲ့အရာကိုလုပ်တယ်။ ကိုယ်ကောင်းတဲ့ အရာလုပ်ရင် ကောင်းတာတွေက ဘဝတိုင်းလိုက်ပြီး ကပ်ပါနေမယ်။ နိဗ္ဗာန်တိုင်အောင် အရိပ်က ကိုယ့်နောက်မှာ ကပ်ပါနေသလိုပါပဲ။ ဘယ်လမ်းသွားချင်လည်း ဆိုတာ ကိုယ်တိုင်ရွေးချယ်ကြ။ ငရဲသွားမယ်ဆိုလည်းရွေးကြ။ နိဗ္ဗာန်သွားမယ်ဆိုလည်း ရွေးကြ။ ပြိတ္တာ တိရစ္ဆာန် ဖြစ်ချင်ရင်လည်း ရွေးကြ ဘယ်သူမှ ကူညီလို့မရဘူး။

အတ္တာဟိ အတ္တနော နာထော မိမိကိုယ်သာ ကိုးကွယ်အားထားရာ ဖြစ်တယ်။ အခြားအရာက ကိုယ့်ရဲ့အားကိုးမှီခိုရာဖြစ်လို့ မရဘူး။ ကိုယ့်ရဲ့ကောင်းတဲ့ အရာတွေကို ထိန်းသိမ်းထား။ ဆားလိုမျိုး သူ့ရဲ့အငန်ဓာတ်ကို ထိန်းသိမ်းထားတယ်။ နှစ်ပေါင်း ဆယ်ရာချီထိ ငန်နေတုန်းပဲ။ ရွှေစင်နဲ့တူတယ် ရေထဲကျလည်း မမျောဘူး မီးထဲကျလည်း မလောင်ဘူး။”

#မိုင်းဖုန်းဆရာတော်
Credit….ထပ်ဆင့်ပူဇော်မျှဝေအပ်ပါသည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...