ကမ္ဘာ့အဆင့် (၂၀၀) အသင်းကို အနိုင်ယူပြီး အာရှကျားကြီး ပြန်လာပြီ

Local News Sports
ကမ္ဘာ့အဆင့် (၂၀၀) အသင်းကို အနိုင်ယူပြီး အာရှကျားကြီး ပြန်လာပြီ

အာရှကျားကြီးအသင်းကတော့ ကမ္ဘာ့အဆင့် (၂၀၀) က သီရိလင်္ကာအသင်းကို ဖိတ်ခေါ်ခြေစမ်းပြီး နည်းပြသစ် ဦးမျိုးလှိုင်ဝင်းရဲ့ ပွဲဦးထွက်မှာ နိုင်ပွဲ ရရှိသွားပြီ ဖြစ်ပါတယ်။

ထုံးစံအတိုင်း တဖက်က ဘယ်လောက်ခြေစွမ်းနိမ့်တဲ့ အသင်းပဲ ဖြစ်ဖြစ် နိုင်ပြီဆိုလိုက်တာနဲ့ အာရှကျားကြီး အသင်းကတော့ စတင်ပြီး လေတိုက်တော့မှာ ဖြစ်ပါတယ်။

ကိုယ်တိုင်က ကမ္ဘာ့အဆင့် (၁၆၇) မှာ ယက်ကန်ယက်ကန် ဖြစ်နေပေမယ့်လည်း တပွဲနိုင်လိုက်တာနဲ့ အာရှကျားကြီး ပရိသတ်တွေရဲ့ မျက်လုံးထဲမှာ အာဂျင်တီးနားလောက် ခြေစွမ်းကောင်းတယ်လို့ မြင်လေ့ ရှိကြပါတယ်။ အဲဒါနဲ့ပဲ ဆိုက်ပိပြီး ခြေရည်တူအသင်းနဲ့ တွေ့တဲ့အခါမှာတော့ ဂိုးပြတ်ခြေပြတ် အရှက်ကွဲရတာလည်း အခါခါပါပဲ။

ဘာပဲဖြစ်ဖြစ် ဂိတ်မှူးကနေ ဂိတ်စောင့်ဖြစ်တော့မယ့် အင်္ဂလန်က အသင်းကြီးထက် အာရှကျားကြီးက အောက်တိုဘာလထဲမှာ နိုင်ပွဲအရင်တွေ့သွားတာကတော့ မှတ်တမ်းဝင်သွားပြီလည်း ဖြစ်ပါတယ်။ အာရှကျားကြီးအသင်းလည်း နောက်ပွဲတွေမှာ အောင်ပွဲရပါစေကြောင်း ဆုတောင်းပေးလိုက်ရပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...