ဂျပန်ဖိုက်တာ တာခဲရု မြန်မာ့ရေဘေးအတွက် လှူဒါန်းမည်

International News Sports
ဂျပန်ဖိုက်တာ တာခဲရု မြန်မာ့ရေဘေးအတွက် လှူဒါန်းမည်

ပြီးခဲ့သည့် စက်တင်ဘာလက ဝမ်းချန်ပီယံရှစ်တွင် ရိုးရာဖိုက်တာ သန့်ဇင်ကို အလဲထိုးဖြင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့် ဂျပန်ဖိုက်တာ တာခဲရုသည် မြန်မာ့ရေဘေးအတွက် အလှူငွေလှူဒါန်းရန် ဆက်သွယ်လာကြောင်း ရိုးရာလက်ဝှေ့ကိုယ်စားလှယ်ကိုဖြိုးဝေက ၎င်း၏လူမှုကွန်ရက်မှတစ်ဆင့် အသိပေးမျှဝေထားသည်။

သန့်ဇင်သည် အဆိုပါ ပွဲစဉ်အား အနိုင်ရပါက ရေဘေးအတွက် ကူညီလှူဒါန်းမည်ဟု ပြောကြားထားသော်လည်း ယင်းပွဲစဉ်တွင် တာခဲရုအား ရှုံးနိမ့်ခဲ့သည့်အတွက် ၎င်း၏အိပ်မက်ပျက်ပြယ်ခဲ့ရခြင်းဖြစ်သော်လည်း တာခဲရုအနေဖြင့် သန့်ဇင်၏ ဆန္ဒကို ဖြည့်ဆည်းကူညီသည့်အနေဖြင့် ယခုကဲ့သို့လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။


အဆိုပါ လှူဒါန်းငွေကို သက်ဆိုင်ရာအဖွဲ့အစည်းကော်မတီများနှင့်ချိတ်ဆက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

၂၀၂၄ ခုနှစ်စက်တင်ဘာ ၂၇ ရက် ညပိုင်းက ပြုလုပ်ခဲ့သည့်ပွဲစဉ်တွင် ကမ္ဘာ့ကစ်ဘောက်ဆင်ချန်ပီယံတာခဲရုသည် ဒုတိယအချီ၌ အလဲထိုးဖြင့် သန့်ဇင်အား အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...