မန်ချက်စတာယူနိုက်တက်ကို စွန့်ခွာတော့မယ့် ဖာဂူဆန်

International News Sports
မန်ချက်စတာယူနိုက်တက်ကို စွန့်ခွာတော့မယ့် ဖာဂူဆန်

မန်ချက်စတာယူနိုက်တက်ရဲ့ ဂန္ထဝင်နည်းပြ ဆာအဲလက်ဖာဂူဆန်ဟာ ကလပ်မှာ ရယူထားတဲ့ ကမ္ဘာလုံးဆိုင်ရာသံတမန်ရာထူးနဲ့ ဒါရိုက်တာရာထူးကနေ ရာသီကုန်မှာ အနားယူတော့မှာ ဖြစ်ပါတယ်။

ဆာအဲလက်ဟာ ၂၀၁၃ ခုနှစ်မှာ နည်းပြရာထူးကနေ အနားယူခဲ့ပြီးကတည်း ကလပ်မှာ အဆိုပါရာထူးနှစ်ခုကို ရယူထားခဲ့တာဖြစ်ပါတယ်။

နည်းပြရာထူးကနေအနားယူခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်ရဲ့ ပွဲစဉ်တွေမှာ ဖာဂူဆန်ကို တွေ့နေရဆဲဖြစ်ပြီး အခုဆုံးဖြတ်ချက်ကြောင့် အသက် ၈၂ နှစ်အရွယ် ဂန္ထဝင်နည်းပြကို ယူနိုက်တက်ပွဲစဉ်တွေမှာ ပုံမှန်တွေ့ရဖို့ မရေရာတော့ပါဘူး။
ပြီးခဲ့တဲ့အပတ်ကပဲ ယူနိုက်တက်ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်နဲ့ ဆာအဲလက် ဆွေးနွေးခဲ့ပြီးတဲ့နောက် အခုလိုဆုံးဖြတ်လိုက်တာလို့ ကလပ်သတင်းအရင်းအမြစ်တစ်ဦးကပြောပါတယ်။

ယူနိုက်တက်ရဲ့ ဂန္ထဝင်နည်းပြ ဖာဂူဆန်ဟာ ပရီးမီးယားလိဂ် ဖလား ၁၃ ကြိမ်၊ ချန်ပီယံလိဂ် နှစ်ကြိမ်၊ FA ဖလား ၅ ကြိမ် နဲ့ လိဂ်ဖလား လေးကြိမ် တို့ကို ရယူပေးခဲ့သူဖြစ်ပါတယ်။

ဆာအဲလက်အနားယူပြီးကတည်းက ယူနိုက်တက်အသင်းဟာ အခြေအနေမကောင်းတော့ဘဲ မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီး အသင်းရဲ့ နောက်မှာသာ မျက်နှာငယ် နေခဲ့ရတာ ဖြစ်ပါတယ်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...