မန်ယူ၏ အကြီးအကဲတစ်ဦးနှင့် ရီးယဲလ်နည်းပြဟောင်းဇီဒန်းတို့ ဆွေးနွေးမှုများ အဆက်မပြတ်ပြုလုပ်နေ

International News Sports
မန်ယူ၏ အကြီးအကဲတစ်ဦးနှင့် ရီးယဲလ်နည်းပြဟောင်းဇီဒန်းတို့
ဆွေးနွေးမှုများ အဆက်မပြတ်ပြုလုပ်နေ

ရီးယဲလ်မက်ဒရစ် နည်းပြဟောင်း ဇီနီဒင်ဇီဒန်းသည် ဆာဂျင်မ်ရက်ကလစ်ဖ်၏ ယုံကြည်ရသောအကြီးအကဲတစ်ဦးနှင့် ဆွေးနွေးမှုများ အဆက်မပြတ်ပြုလုပ်လျက်ရှိကြောင်း သတင်းများထွက်ပေါ်လာခဲ့၍ မန်ယူပရိသတ်များအတွက် ဝမ်းမြောက်ဖွယ်ရာဖြစ်လာခဲ့ရသည်။

မန်ယူ၏ ပူးတွဲပိုင်ရှင် ရက်ကလစ်ဖ်နှင့် တာဝန်ရှိသူများသည် ဗီလာနှင့် ဂိုးမရှိ သရေကျခဲ့သော နောက်ဆုံးကစားခဲ့သည့် ပွဲစဉ်ပြီးနောက် ရာသီအစ ရလဒ်ဆိုးများကြောင့် တန်ဟတ်၏အနာဂတ်နှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ခဲ့သည့်တိုင် အပြောင်းအလဲပြုလုပ်ရန် ဆုံးဖြတ်ချက်ချခဲ့ခြင်း မရှိပေ။

သို့သော်လည်း ထိုဆုံးဖြတ်ချက်မှာ ယာယီသဘောသာ သက်ရောက်မှုရှိပြီး မန်ယူတာဝန်ရှိသူများအနေဖြင့် အကယ်၍ရလဒ်များဆက်လက်ဆိုးရွားနေပါက နယ်သာလန်သားမန်နေဂျာ၏နေရာကို အစားထိုးရန် အစီအစဉ်များကို ဆက်လက်လုပ်ဆောင်နေလျက်ရှိပြီး လက်ရှိအချိန်တွင် ဇီနီဒင်ဇီဒန်းနှင့်ချိတ်ဆက်မှုများပြုလုပ်နေခြင်းဖြစ်ကြောင်း Independent က ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ဆာဂျင်မ်ရက်ကလစ်ဖ် ပိုင်ဆိုင်သော Ineos ၏ အားကစားဆိုင်ရာ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ပြင်သစ်လူမျိုး ဂျန်ကလူဒီဘလန့်မှာ ၎င်းနှင့် တစ်နိုင်ငံတည်းသား ဇီဒန်းနှင့် ပွင့်လင်းသောဆွေးနွေးမှုများ အဆက်မပြတ်ပြုလုပ်နေခဲ့ခြင်းဖြစ်ကြောင်း ထိုသတင်းအရင်းအမြစ်၏ ဖော်ပြချက်အရ သိရှိရသည်။

ရက်ကလစ်ဖ်နှင့် ဂျန်ကလူဒီဘလန့်တို့မှာ ချန်ပီယံလိဂ်ဖလားကို သုံးကြိမ်ဆက်တိုက်ဆွတ်ခူးနိုင်သည့် ဇီဒန်းကို နှစ်ရှည်လများ သဘောကျနေသူများဖြစ်ပြီး ၎င်း၏ အရည်အသွေးများကို အိုးလ်ထရက်ဖို့ဒ်သို့ဆောင်ကြဉ်းရန် ဆန္ဒပြင်းပြနေသော်လည်း ကာယကံရှင်ကမူ လက်ရှိအချိန်အထိ နည်းပြလောကသို့ ပြန်လည်ဝင်ရောက်ရန် တိကျသော ဆုံးဖြတ်ချက်ကို မချရသေးကြောင်း ထိုသတင်းအရင်းအမြစ်ကထပ်မံဖော်ပြခဲ့သည်။

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...